နမ့်ခုတ်ချောင်းကူး ဆိုက်ခေါင်တံတားအား အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီအောင်တည်ဆောက်သွားမည်

0
29

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားအား အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ် – မိုင်းတွမ်း – မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ပေ(၁၃၀) ခန့် ရေစီးဖြင့် မျောပါပျက်စီးခဲ့ရကြောင်း သိရသည်။

ထိုသို့ ပျက်စီးသွားခဲ့သည့် တံတားအပေါ်တွင် ပေ (၁၅၀) အရှည်ရှိ နှစ်လွှာတစ်ထပ်ဘေလီတံတားအား တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ (၁၂) က တာဝန်ယူတည်ဆောက်လျက်ရှိပြီး ဒေသခံများ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရေး အောက်တိုဘာလ ဒုတိယပတ်ကုန်အပြီးတွင် အမြန်ဆုံးပြီးစီးနိုင်ရေး နေ့/ည မပြတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားပြင်ဆင်နေမှုများကို အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here