ရုရှားထံမှ အစားအသောက်နှင့်ဆေးဝါးရိက္ခာ ၃၂ တန်လက်ဘနွန်ရရှိ

0
29
Smoke rises from buildings hit in an overnight Israeli airstrike that targeted the neighbourhood of Al-Jamous in Beirut's southern suburbs on October 3, 2024. - Israel kept up its bombardment of Beirut after Iran launched its second, and largest, attack on Israel in months, which prompted Prime Minister Benjamin Netanyahu to warn Tehran would pay. (Photo by AFP)

ဘေရွတ်၊အောက်တိုဘာ ၄

လက်ဘနွန် နိုင်ငံသည် ရုရှားနိုင်ငံမှ အစားအသောက်နှင့်ဆေးဝါး ၃၂ တန်ကို လက်ခံရရှိခဲ့ကြောင်း လက်ဘနွန်နိုင်ငံ သတင်းအေဂျင်စီ၏သတင်းထုတ်ပြန်ချက်အရသိရသည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက အဆိုပါထောက်ပံ့ရေးပစ္စည်းများကို လက်ခံရယူခဲ့ပြီးနောက် စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်နေရသူများထံ ခွဲဝေပေးနိုင်ရန် လက်ဘနွန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ အစ္စရေးသည် ဟဇ်ဘိုလာအဖွဲ့နှင့် တင်းမာနေသဖြင့် လက်ဘနွန် ကို လေကြောင်းမှ အရှိန်မြှင့်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

ဟဇ်ဘိုလာအဖွဲ့သည် ၎င်း၏မဟာမိတ် ဟားမတ်စ်တို့ကို ကူညီရန် အစ္စရေးပိုင်နက်ထဲအထိ ဒုံးကျည်များပစ်လွှတ်ခဲ့သည့်အတွက် နှစ်ဖက်တင်းမာမှုမြင့်တက်လာခဲ့ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

ထို့ကြောင့်ပင် လက်ဘနွန်အရှေ့တောင်ပိုင်းတွင် အစ္စရေးစစ်တပ်က ပစ်ခတ်မှုများနှင့်လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ လက်ဘနွန်အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရ အစ္စရေး၏ထိုးစစ်ကြောင့် လက်ဘနွန်တွင် စစ်ဘေးရှောင်ဦးရေ ၁ ဒသမ ၂ သန်းအထိမြင့်တက်လာခဲ့သည်ဟုလည်းသိရသည်။

ယင်းနောက် လက်ဘနွန်အစိုးရသည် စစ်ဘေးရှောင်ပြည်သူများ၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် လှူဒါန်းမှုများပြုလုပ်ပေးရန်လည်း နိုင်ငံတကာအစိုးရများအား ပန်ကြားထားသည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here