ရေဘေးအလှူငွေကျပ်သိန်း(၃)သောင်းပြည့်ပြီဖြစ်ဟု ပရဟိမင်းသမီးခိုင်နှင်းဝေ အသိပေး

0
40

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ/ချောင်းရေများမြင့်တက်ခဲ့မှုကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ၊ ရေဘေးသင့်သူများ၊ ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။

ထိုသို့ ဖြစ်ပေါ်နေမှုများအား ကူညီမှုများပြုလုပ်နိုင်ရန် အလှူရှင်များက ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ပရဟိတမင်းသမီး ခိုင်နှင်းဝေထံသို့ လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ယမန်နေ့ အောက်တိုဘာ ၃ ရက်တွင် ရေဘေးအလှူငွေကျပ်သိန်း (၃) သောင်းပြည့်ပြီဖြစ်၍ တတိယအကြိမ်အဖြစ် ရမည်းသင်းနှင့် စတုတ္ထအကြိမ်အဖြစ် တာချီလိတ်တို့သို့ ကူညီမျှဝေခြင်းများပြုလုပ်သွားမည်ဟု ခိုင်နှင်းဝေက အသိပေးခဲ့သည်။

ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ ရရှိလာသည့်အလှူငွေများဖြင့် ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်ဒေသသို့ ငွေကျပ်သိန်း(၅၅၀၀)၊ ကလောမြို့နယ်အတွင်းမှ လိုအပ်သောနေရာများသို့ ငွေကျပ်သိန်း (၂၅၀၀)၊ ကလောမြို့ရှိ အိမ်ပြိုသွားသည့် နေအိမ်(၁၅၅)အိမ်အတွက် တစ်အိမ်ထောင်လျှင် ငွေသားသီးသန့် သိန်း(၃၀)နှုန်းဖြင့် သိန်း(၅)ထောင်ခန့်တို့ကို ကူညီမျှဝေပေးဖြစ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ငွေကျပ်သိန်း(၅)ထောင်ကျော်အား ကယားပြည်နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၅၀၀)ကို တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၀)သိန်းစီနှင့်လိုအပ်သည့်ပစ္စည်းများ၊ ငွေကျပ်သိန်း(၁)ထောင်ဖြင့် အင်းလေးဒေသတွင် လိုအပ်သောနေရာများသို့ တစ်အိမ်ထောင်လျှင် (၁)သိန်းစီတို့ကို ကူညီမျှဝေလှူဒါန်းပေးခဲ့သည်။

ထို့အတူ ကလောမြို့နယ်နှင့်၊ကယားပြည်နယ်ဘက်မှ မြေပြိုခြင်း၊အိမ်ပြိုခြင်းတို့ဖြစ်ပေါ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၂၀၀)အတွက် တစ်အိမ်ထောင်လျှင်သိန်း(၃၀)စီဖြင့် ငွေကျပ်သိန်း(၆)ထောင်ခန့်နှင့်လိုအပ်သော ပစ္စည်းများကို ကူညီမျှဝေလှူဒါန်းပေးခဲ့သည်။

ထို့ပြင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေသည့် ရှင်သန်ရေးလူမှုကူညီရေးအသင်းကို အသက်ကယ်လှေဝယ်ယူရန် ငွေကျပ်သိန်း (၆၀၀)၊ ရွှေကြာလူမှုကူညီရေးအသင်းကို ကားဝယ်ယူရန် ငွေကျပ်သိန်း(၆၀၀)၊ ရေဘေးကယ်ဆယ်မှုပြုလုပ်စဉ် ရေထဲမျောပါ‌ေ-သဆုံးသွားခဲ့သည့် ပရဟိတအသင်းမှအမျိုးသားတစ်ဦး၏ မိသားစုအတွက်ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)တို့ကိုလည်း မျှဝေလှူဒါန်းခဲ့သည်။

ထို့အတူ နေစရာအိမ်မရှိတော့သော အိမ်ခြေ (၄၀)၊ လရင့်ကိုယ်ဝန်ဆောင်(၃၀)ဦး (စုစုပေါင်း ၇၀)တို့အား တစ်ဦးလျှင် ငွေကျပ်သိန်း(၂၀)စီဖြင့် ငွေကျပ်သိန်း(၁၄၀၀)၊ တစ်အိမ်ထောင်လျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် အိမ်ခြေ(၂၀၀)အတွက် ငွေကျပ်သိန်း(၂၀၀)၊ အိမ်ခြေ(၆၀၀)အတွက် ငွေကျပ်သိန်း(၁၆၀၀)နှင့်လိုအပ်သောပစ္စည်းများ၊ ကျေးရွာ(၇)ရွာလုံး၏ သာရေး/နာရေးတို့တွင်အသုံးပြုသော သုံးဘီးနှင့်အအေးခေါင်းများ ရေ ဘေးကြောင့်ပျက်စီးသွားသဖြင့် ကား(၁)စီးနှင့်လိုအပ်သောပစ္စည်းများဝယ်ယူရန် ငွေကျပ်သိန်း (၂၀၀)တို့ကိုလည်း ကူညီမျှဝေလှူဒါန်းခဲ့သည်။

ထို့ပြင် ကျေးရွာ(၂)ရွာပေါင်းမှ အိမ်လုံးဝပြိုသွားသည့် အိမ်ခြေ(၂၅)အိမ်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်သိန်း(၂၀)စီဖြင့် ငွေကျပ်သိန်း (၅၀၀)၊ အိမ်ထောင်စု(၁၀၀)အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၁)သိန်းစီဖြင့် ငွေကျပ်သိန်း (၆၀၀)နှင့် အိမ်သုံးပစ္စည်းများကိုလည်း ကူညီမျှ ဝေလှူဒါန်းခဲ့ပြီးဖြစ်သည်။

ထိုသို့ လှူဒါန်းမှုများနှင့်ပတ်သက်၍ ပရဟိတမင်းသမီးခိုင်နှင်းဝေမှ ၎င်းအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို Project တစ်ခုအနေဖြင့် သေချာစီမံပြီးထိထိရောက်ရောက်ကြိုးစားလုပ်ဆောင်ပေးသွားမည်ဖြစ်ကာ ပျက်စီးဆုံးရှူံးမှုများစွာနှင့်အမှန်တကယ် နေရာတိုင်းလိုအပ်နေသဖြင့် နိုင်သည့်ဝန်ကိုထမ်းပေးသွားမည်ဟု အသိပေးပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here