အချုပ်အခြာအာဏာကိုထိပါးလျှင် နျူလက်နက်သုံးရန်ဝန်မလေး–ကင်မ်

0
40
This picture taken on October 2, 2024 and released from North Korea's official Korean Central News Agency (KCNA) via KNS on October 4, 2024 shows North Korea's leader Kim Jong Un (C) inspecting a training base of the Korean People's Army's special operations forces in the western region, at an undisclosed location in North Korea. - North Korea's leader Kim Jong Un said his forces would use nuclear weapons "without hesitation" if Pyongyang's territory was attacked by the South and its ally the United States, state media reported on October 4. (Photo by KCNA VIA KNS / AFP)

ဆိုးလ်၊အောက်တိုဘာ ၄

မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားပြီး တိုက်ခိုက်ရန်ကြိုးပမ်းလာပါက နျူကလီးယားလက်နက်အပါအဝင် ရှိသမျှ တိုက်ခိုက်ရေးအင်အားကိုထုတ်သုံးပြီး တုန့်ပြန်မည်ဟုကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင် ကင်မ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်သည် ယခုသီတင်းပတ်အစောပိုင်းက အထူးစစ်ဆင်ရေးဌာနများ၏ လေ့ကျင့်ရေးစခန်းများသို့ သွားရောက်စစ်ဆေးစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်သူများ၏ခြိမ်းခြောက်ပြောဆိုမှု၊အာဝဇ္ဇန်းကောင်းကောင်းနှင့်လှည့်စားမှု၊သိမ်းသွင်းမှုများသည် မြောက်ကိုရီးယား၏ နျူလက်နက်ကို ထိန်းထားနိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် မိမိတို့အနေဖြင့် နျူစွမ်းအင်အင်အားကို အသုံးပြုခွင့် ထုတ်လုပ်ခွင့်များကို ဘယ်တော့မှ နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

“နျူလက်နက်ကိုင်ထားတဲ့နိုင်ငံကို စစ်လာခေါ်ပြီး အသက်ရှင်ဖို့ဆုတောင်းနေရင်တော့ အင်မတန်မိုက်မဲရာကျသွားပါလိမ့်မယ်၊ဒီလိုအနေအထားဖြစ်လာရင် ဆိုးလ်နဲ့ပြုံယမ်း တွဲလျက် ရပ်တည်ဖို့ဆိုတာကတော့ မဖြစ်နိုင်တော့ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here