နာဂဒေသတွင်း မိုးဆက်လက်ရွာသွန်းနေဆဲဟု ဆို

0
25

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် လဟယ်၊ လေရှီးနှင့်ထန်ပါကွေမြို့များအတွင်း ယနေ့ အောက်တိုဘာ (၄)ရက် မွန်းလွဲပိုင်းအချိန်အထိ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

နာဂဒေသအများစုတွင် မိုးရွာသွန်းမှုများရှိနေပြီး၊ နေရာကွက်ပြီး မိုးကြီးသည့် နေရာများရှိနေသလို တချို့မြို့ရွာများတွင် ပုံမှန်မိုးရွာသွန်းနှုန်းထက် မပိုကြောင်း သိရသည်။

ယနေ့ မိုးရွာသွန်းမှုအခြေအနေအရ လဟယ်မြို့တွင် မိုးအလွန်ကြီးသည့် အခြေအနေမရှိဘဲ၊ ထန်ပါကွေမြို့တဝိုက် ကျေးရွာတချို့တွင် မိုးအနည်းငယ်ကြီးနေကာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။

အလားတူ လေရှီးမြို့နှင့် အနီးဝန်းကျင်တွင်လည်း မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး မွန်းလွဲပိုင်းအချိန်အထိ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

“မိုးက ရွာလိုက်တိတ်လိုက်ပါ။ အခုထိတော့ မြေပြိုတာတို့ ရေကြီးတာတို့တော့မကြားရသေးဘူးလို့ပြောတယ်။” ဟု လဟယ်မြို့ ဒေသခံတစ်ဦးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

နာဂဒေသအတွင်း အောက်တိုဘာ (၂)ရက် ညနေပိုင်းမှစတင်၍ မိုးရွာသွန်းနေခြင်းဖြစ်ပြီး၊ နာဂဒေသများအတွင်း မိုးအလွန်များ (HEAVY RAINFALL ) ရွာသွန်းနိုင်ကြောင်းနှင့် အဆိုပါဒေသအတွင်း လုပ်ငန်းများ၊ လူနေအိမ်အဆောက်အဦးများ ကယ်ဆယ်ရွှေ့ပြောင်းရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here