အနောက်တောင်မုတ်သုံလေ ဆုတ်ခွာချိန်ကာလအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်သာ မိုးများနိုင်

0
25

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန် အောက်တိုဘာ (၉) ရက်မှ အောက်တိုဘာ(၁၅)ရက် ဝန်းကျင်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်သာ မိုးများနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အောက်တိုဘာလ ဒုတိယအပတ်ခန့်မှန်းမှုကို လူမှုကွန်ရက်မှတစ်ဆင့်မျှဝေ ရေးသားထားသည်။

အောက်တိုဘာ (၁၂) ရက် နံနက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လက်ယာရစ်လေဝဲစီးကြောင်း (Anti – Cyclonic Circulation) ဖြစ်လာနိုင်သည်ကို ကြည့်ခြင်းဖြင့် အနောက်တောင်မုတ်သုံလေ တစ်နိုင်ငံလုံးမှ ဆုတ်ခွာတော့မည့် လက္ခဏာပြလာခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ထားသည်။

ထို့ကြောင့် အဆိုပါဒေသ ၂ ခုတွင် (၂၄) နာရီအတွင်း (၃၀) မီလီမီတာနီးပါး မိုးရွာသွန်းနိုင်ကြောင်း ဆိုသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၈)ရက်မှ စတင်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘက်-အာရေဗျပင်လယ်ဘက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေများ စတင်ဖြစ်ပေါ်လာကြောင်းနှင့် ကြိုတင်ခန့်မှန်းချက်များအရ အောက်တိုဘာ (၁၀) ရက်တွင် အာရေဗျ ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်သော်လည်းဘင်္ဂလားပင်လယ်အော်တွင် အားကောင်းလာနိုင်ခြေ မရှိကြောင်းလည်း ၎င်းက ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here