မြောက်ကိုရီးယားနိုင်ငံကို လာတိုက်ခိုက်မည်ဆိုလျှင် မိမိကလည်း နျူကလီးယားလက်နက်အသုံးပြုသွားမည်ဟု ကင်ဂျုံအွန်းပြော

0
21

မိမိနိုင်ငံကို တိုက်ခိုက်လာပါက မိမိဖက်ကလည်း ရှိသမျှလက်နက်အားလုံးအသုံးပြု၍ ပြန်လည်တိုက်ခိုက်သွားရန် တွန့်ဆုတ်နေမည်မဟုတ်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောကြားကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA)က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို အခြားနိုင်ငံများက ထိပါးရန် ကြိုးပမ်းပါက ကင်ဂျုံအန်းသည် နျူကလီးယားလက်နက် အသုံးပြုရန်မှာ ဖြစ်နိုင်ချေရှိကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အကယ်၍ ရန်သူသည် အလွန်မိုက်မဲကာ မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ထိပါးစေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးပြုရန် ကြိုးပမ်းပါက၊ မြောက်ကိုရီးယားကလည်း မဆိုင်းမတွပြန်လိုက် တိုက်ခိုက်သွားမည်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် နျူလက်နက်များအပါအဝင် ခေတ်မီတပ်ဖွဲ့ များစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်” ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

တောင်ကိုးရီးယားခေါင်းဆောင် Yoon Suk Yeol ကို “ရုပ်သေးရုပ်” အဖြစ်လည်း ဖော်ပြခဲ့ပြီး သူ့နိုင်ငံ၏ တောင်ပိုင်းအိမ်နီးချင်းသည် မြောက်ကိုးရီးယားနိုင်ငံအကြောင်းကို မဟုတ်မမှန်သတင်းဖြန့်နေသည်ဟု ပြောကြားခဲ့သည်။

သူ့စကားအရ ရန်လိုသောနိုင်ငံများ၏ ခြိမ်းခြောက်ပြောဆိုမှုသည် မြောက်ကိုရီးယား၏ စစ်ရေးတည်ဆောက်မှုကို ရပ်တန့်စေမည်မဟုတ်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here