ဖိလစ်ပိုင်၌ တိုက်ဖွန်းခရာထုန်ကြောင့်‌ ‌ေ-သဆုံးသူ ၅ ဦးအထိရှိလာ

0
21

မနီလာ၊အောက်တိုဘာ ၄

ဖိလစ်ပိုင်နိုင်ငံကို သီတင်းပတ်ကုန်က စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုက်ဖွန်းမုန်တိုင်းခရာထုန်ကြောင့် ‌ေ-သဆုံးသူဦးရေသည် ငါးဦးအထိ မြင့်တက်လာပြီး လူတစ်ဦးပျောက်ဆုံးနေသေးသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီကပြောကြားခဲ့သည်။

နိုင်ငံတော်သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ခရာထုန်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မြောက်ဖျားဒေသ ၂ ခုတွင် လူ‌ေ-သဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

‌ေ-သဆုံးသူများတွင် ရေန-စ်‌ေ-သဆုံးသူ အသက် ၆၂ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ဓာတ်လိုက်‌ေ-သဆုံးသည့် အသက် ၂၅ နှစ်အရွယ်လူတစ်ဦးတို့ပါဝင်သည်ဟုဆိုသည်။အခြား ၃ ဦး၏ ‌ေ-သဆုံးရသည့် အကြောင်းရင်းကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်းလည်း အေဂျင်စီကပြောကြားခဲ့သည်။

ပြင်းထန်သည့်ရေစီးကြောင်းထဲ မျောပါသွားသူကိုလည်း ဆက်လက်ရှာဖွေနေသည်ဟု အေဂျင်စီကပြောကြားခဲ့သည်။

ခရာထုန်သည် ဖိလစ်ပိုင်၌ ရွာပေါင်း ၈၂၈ ရွာ ထက်မနည်းသော နေရာများမှလူပေါင်း ၂၄၃,၀၀၀ နီးပါးကို ထိခိုက်စေခဲ့ကြောင်း အေဂျင်စီကဆက်လက်ပြောကြားခဲ့သည်။

အခြေခံအဆောက်အဦနှင့် စိုက်ပျိုးရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ပီဆို ၁ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၇ သန်း) ရှိမည်ဟုလည်း အေဂျင်စီကခန့်မှန်းထားသည်။ ဖိလစ်ပိုင်၌ နှစ်စဉ် ပျမ်းမျှ မုန်တိုင်း အလုံးရေ ၂၀ လောက်တိုက်ခတ်လေ့ရှိသည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here