ရန်ကုန်-မန္တလေး လူစီးအမြန်ရထားများအပြင် စာပို့ရထားများပါ ပြန်လည်ပြေးဆွဲနေ

0
12

သဘာဝဘေးကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားထားရသည့် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားများနှင့် စာပို့ရထားခရီးစဉ်များကို အောက်တိုဘာလ(၃)ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

ယာဂီမုန်တိုင်း၏ နောက်ဆက်တွဲကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ ရထားလမ်း တာပေါင်နေရာများ ရေတိုက်စားကာ ပျက်စီးခဲ့သောကြောင့် စက်တင်ဘာလ(၁၁) ရက်နေ့တွင် ခရီးစဉ်များ ယာယီရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

လက်ရှိတွင် သဲတော- သပြေတောင်းအကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ရန်ကုန်-မန္တလေး ခရီးစဉ်အမှတ် (၁၁) အဆန်၊ အမှတ်(၁၂) အစုန်လူစီးအမြန် ရထားများနှင့် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပို့ရထား ခရီးစဉ်များကိုလည်း မူလပြေးဆွဲချိန်များအတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ကုန်ရထားများကိုလည်း အောက်တိုဘာ (၄) ရက်ကစတင်ကာ ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်းလည်း မြန်မာ့မီးရထားထံမှ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here