ကုလဒုက္ခသည်အေဂျင်စီနှင့်WHO မှထောက်ပံ့ပစ္စည်းများ လက်ဘနွန်ရရှိ

0
26

ဘေရွတ်၊အောက်တိုဘာ ၅

ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်း ၅၅ တန် တင်ဆောင်လာသော ကယ်ဆယ်ရေးလေယာဉ်သည် ယူအေအီးမှ လက်ဘနွန်နိုင်ငံသို့ သောကြာနေ့က ရောက်ရှိလာခဲ့ကြောင်း နေရှင်နယ်နူးစ်အေဂျင်စီ (အင်န်အင်န်အေ) ကဖော်ပြခဲ့သည်။

အဆိုပါအကူအညီများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့က ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟု အစီရင်ခံစာ၌ဖော်ပြထားသည်။

လက်ဘနွန်နှင့် ၎င်း၏ပြည်သူများအပေါ် မှ ဖိအားများကိုဖယ်ရှားပေးရန် သန္နိဋ္ဌာန်ချထားသည်ဟု လက်ဘနွန်နိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် အက်ဘ်ဒဲလ်နာဆာအဘူဘေကာ က ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံရှိ UNHCR ကိုယ်စားလှယ် အိုင်ဗိုဖရေဆန် ကမူ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းအားလုံး၏ လုပ်ဆောင်မှုများမှတစ်ဆင့် ကျွန်ုပ်တို့သည် လက်ဘနွန်နိုင်ငံနှင့် စည်းလုံးညီညွတ်မှုကိုပြသလိုခြင်းဖြစ်ပြီး လိုအပ်သောအကူအညီများပေးအပ်ရန်အတွက်ဖြစ်သည်” ဟု‌ပြောသည်။

လက်ဘနွန်တွင်ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကြောင့် ဒုက္ခရောက်နေသည့် အရပ်သားများကို ထောက်ပံ့ရန်အတွက် အီတလီက ယူရို ၁၇ သန်း (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၅ သန်းခန့်) ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်သည် လက်ဘနွန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှု တိုးမြင့်လာစေရန် ပေါင် ၁၀ သန်း (ဒေါ်လာ ၁၃ ဒသမ ၁၂ သန်းခန့်) ဖြင့် ထပ်မံတိုးမြှင့်ပေးထားကြောင်းလည်း သတင်းအေဂျင်စီကဖော်ပြခဲ့သည်။

ထိခိုက်ခံရသူများထဲတွင် ကလေ-းများသည် ဘေးဒဏ် ပိုမိုခံစားခဲ့ရပြီး လက်ဘနွန်တွင် လွန်ခဲ့သည့်ခြောက်ပတ်အတွင်း ကလေ-းငယ် ၆၉၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

၎င်းတို့ခံစားရသည့် အဖြစ်များဆုံးဒဏ်ရာများမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ထိတ်လန့်တုန်လှုပ်ခြင်း၊ခြေလက်ဒဏ်ရာများနှင့် အကြားအာရုံ ဆုံးရှုံးခြင်းတို့ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ကလေး ၄၀၀,၀၀၀ ကျော်သည်လည်း ၎င်းတို့၏ နေအိမ်များကိုစွန့်ခွာရွှေ့ပြောင်းခဲ့ရသည်ဟုခန့်မှန်းထားကြသည်။

UNICEF ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးကူညီမှုများကိုစုစည်းရန်နှင့် လက်ဘနွန်သို့ ထောက်ပံ့ရေးလမ်းကြောင်းများ ဆက်လက်ဖွင့်ထားရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားသည်။

ငတ်မွတ်နေသောကလေ-းများအတွက် အသက်ကယ်အကူအညီများကို လျင်မြန်ဘေးကင်းလုံခြုံစွာပို့ဆောင်ပေးနိုင်ရန်လည်း UNICEF ကတိုက်တွန်းထားပြီး အပစ်အခတ်ရပ်စဲကာ ကလေ-းသူငယ်များအား အကာအကွယ်ပေးရေးတို့ကိုလည်းအရေးတကြီး တောင်းဆိုထားသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here