ပြည်တွင်း ကားကုမ္ပဏီ (၃)ခုမှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

0
26

ပြည်တွင်း ကားကုမ္ပဏီ (၃)မှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α T5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် တရုတ်နိုင်ငံထုတ် ARCFOX အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့ပြင် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များ၊ Premier Automotive Ltd. မှ တင်သွင်းသည့်တရုတ်နိုင်ငံထုတ် Zeerk X အမျိုးအစား လျှပ်စစ်သုံမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ အောက်တိုဘာ (၄)ရက်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here