လိုအပ်လျှင် အီရန်က အစ္စရေးကို ထပ်တိုက်မည်

0
32
A destroyed building is pictured in Hod HaSharon in the aftermath of an Iranian missile attack on Israel, on October 2, 2024. - Israel vowed to make Iran "pay" for firing a barrage of missiles at its territory, with Tehran warning on October 2 it would launch an even bigger attack it is targeted. (Photo by Jack GUEZ / AFP)

အီရန်သည် လိုအပ်ပါက အစ္စရေးကို ထပ်မံတိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက သောကြာနေ့က ပြောကြားခဲ့သည်။ အီရန်သည် အင်္ဂါနေ့က ရန်သူတော် အစ္စရေးကို သမိုင်းတလျှောက်အကြီးဆုံးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။ ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် အစ္စရေး၏ စမ်းအင်အခြေခံအဆောက်အဦပိုင်းဖြစ်နိုင်ကြောင်း အီရန် အကြီးတန်းတပ်မှူးတစ်ဦးက ပြောဆိုသည်။

သောကြာနေ့က ဝတ်ပြုပွဲ၌ ငါးနှစ်ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ်ထွက်ပေါ်လာသော အယာတိုလာ အလီခါမေနီက ဒုံးကျည်တိုက်ခိုက်မှုသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောင်မြောက်သော လုပ်ဆောင်ချက်ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

တေရန်ရှိ အဓိကဝတ်ပြုနယ်မြေဖြစ်သော မိုဆယ်လာဗလီတွင် ထောင်နှင့်ချီသော တက်ရောက်လာသူများကို အသက် ၈၅ နှစ်အရွယ် ခါမေနီက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ် ဦးဆောင်သော တိုက်ခိုက်မှုလုပ်ခဲ့ခြင်းသည် ပါလက်စတိုင်းလူမျိုးများ၏ တရားဝင်သော လုပ်ရပ်ဖြစ်သည်ဟု ၎င်း၏ မိနစ် ၄၀ ကြာသော မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

အင်္ဂါနေ့က ဒုံးကျည် အစုလိုက်တိုက်ခိုက်မှုသည် နိုင်ငံတကာ ဥပဒေ၊ တိုင်းပြည်၏ ဥပဒေနှင့် အစ္စလာမ်မစ်ယုံကြည်မှုဆိုင်ရာများအပေါ် အခြေခံကြောင်းလည်း သူက ပြောဆိုသွားသည်။

လက်ရှိတွင် အဆိုပါဒေသသည် အီရန်၏ ဒုံးကျည်အမြောက်အများဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးက လက်တုန့်ပြန်လာနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး အီရန်နျူကလီးယားနယ်မြေများကို တိုက်ခိုက်ခြင်းမပြုဟု အစ္စရေးက အမေရိကကို အာမခံချက်ပေးမထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် အစ္စရေးသည် နှစ်ပေါင်း ၂၀ အတွင်း ဂါဇာပြင်ပတွင် တစ်ခါမှမလုပ်ဘူးသည့် ဗုံးကြဲတိုက်ခိုက်မှုမျိုးဖြင့် လက်ဘနွန်တွင် အပြင်းအထန်တိုက်ခိုက်မှုလုပ်ဆောင်နေခဲ့ကြောင်း လေကြောင်းစစ်ပွဲဆိုင်ရာ ကျွမ်းကျင်သူများက ပြောဆိုသည်။ သောကြာနေ့က ယင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များ အဓိကအသုံးပြုရာ လမ်းကြောင်းပြတ်တောက်ခဲ့သည်။ အစ္စရေး၏ စစ်ဆင်ရေးကို ဆက်လက်ပံ့ပိုးနေသည့် အမေရိကသည် ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ဒေါ်လာ ၁၅၇ သန်းနီးပါး ပေးအပ်သွားမည်ဟု ကြေညာသည်။

Ref: စီအင်န်အင်န်, အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here