ယူနွတ်စ်၏ နိုင်ငံပြန်လည်တည်ဆောက်ရေးကို ထောက်ခံ– မလေးရှားဝန်ကြီးချုပ်

0
25

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသစ်တဖန်တည်ဆောက်မည့် ကြားဖြတ်အစိုးရဝန်ကြီးချုပ် မူဟမ်မက် ယူနွတ်စ်၏ ဆောင်ရွက်ချက်များကို မလေရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က အပြည့်အဝထောက်ခံသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

သောကြာနေ့က မြို့တော် ဒါကာရှိ InterContinental ဟိုတယ်တွင် ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ထူထောင်ရေးနှင့် တရားမျှတမှုရှိရေးတို့နှင့် ပတ်သက်၍ အီဘရာဟင်က အလေးပေး ပြောဆိုခဲ့သည်။

မထင်မှတ်သော ခရီးစဉ်တစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာခဲ့သည့် အီဘရာဟင်သည် ယူနွတ်စ်နှင့် တွေ့ဆုံဆွေးနွေးမှု မတိုင်မီတွင် နိုင်ငံတော်လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။

အပြန်အလှန်အကျိုးစီးပွားအတွက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ပူးတွဲသတင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုထားသည်။

၎င်းတို့၏ ဆွေးနွေးမှုများအတွင်း ယူနွတ်စ်က သူ့သည် အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံမျိုး မရှိဟု ဆိုခဲ့ခြင်းအတွက် ယူနွတ်စ်၌ ကျယ်ပြန့်သော အသက်မွေးဝမ်းကြောင်း အတွေ့အကြုံ ရှိသည့် အတွက် စိုးရိမ်စရာမဟုတ်ဟု အီဘရာဟင်က ပြန်လည်ပြောဆိုခဲ့သည်။

၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံသည် အာဆီယံ ဥက္ကဌတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ၎င်း၏ ဦးဆောင်မှုအခန်းကဏ္ဍကို ဂုဏ်ယူကြောင်း ယူနွတ်စ်က အီဘရာဟင်ကို ပြောဆိုခဲ့ပြီး အာဆီယံနှင့် ကဏ္ဍအလိုက် ဆွေးနွေးမှုများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဝင်နိုင်စေရေး အဆိုပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဝင်နိုင်ရေးတွင် သူသည် ကိုယ်တိုင်ကိုယ်ကျ အားပေးထောက်ခံသွားမည်ဟု အီဘရာဟင်က ယူနွတ်စ်ကို အာမခံခဲ့ကြောင်း သိရသည်။

Ref: ဘီဒီနူးစ် ၂၄


LEAVE A REPLY

Please enter your comment!
Please enter your name here