တရုတ်နှင့် တောင်ကိုရီးယားတို့ကလည်း နိုင်ငံသားများကို ကယ်ထုတ်

0
22
Smoke rises after an Israeli airstrike that targeted a neighborhood in Beirut’s southern suburbs on October 5, 2024. - Israel's military launched an intensified wave of strikes on Hezbollah strongholds around Lebanon, killing more than 1,110 people since September 23, and forced hundreds of thousands to flee their homes in a country already mired in economic crisis. (Photo by ETIENNE TORBEY / AFP)

တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို လက်ဘနွန်နိုင်ငံမှ လုံခြုံဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ဟောင်ကောင်ဒေသခံ သုံးဦးနဲ့ ထိုင်ဝမ်တစ်ဦးတို့လည်း ပါတယ်။ ဒီလူတွေကို နှစ်သုတ်ခွဲပြီး ကယ်ထုတ်ပေးခဲ့တာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လက်နွန်ရှိ တရုတ်သံရုံးသည် အခိုင်အမာဆက်ရှိနေပြီး လုံခြုံရေးအစီအမံဆောင်ရွက်မှုတွင် ကျန်ရှိနေသေးသည့် တရုတ်နိုင်ငံသားများကို ဆက်လက် ကူညီဆောင်ရွက်ပေးနေသည်ဟုလည်းသတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် လက်ဘနွန်ရှိ နိုင်ငံသား မိသားစုဝင် ၉၇ ဦးကို ကယ်ထုတ်လာခဲ့ကြောင်းနှင့် အဆိုပါလေယာဉ်သည် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် တောင်ကိုရီးယားသို့ ပြန်ရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

KC-330 သယ်ယူပို့ ဆောင်ရေးလေယာဉ်သည် သောကြာနေ့တွင် ဘေရွတ်ကို ရောက်ရှိခဲ့ပြီး လက်ဘနွန် မိသားစုများလည်း ပါဝင်သော ကယ်ထုတ်လာသူများနှင့်အတူ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာလာခဲ့ကာ ဆိုးလ်မြို့တောင်ပိုင်းရှိ စစ်လေယာဉ်ကွင်းတစ်ခုသို့ ဆိုက်ရောက်မည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ပဋိပက္ခကြောင့် တင်းမာမှုများ မြင့်တက်နေသည့် အရှေ့အလယ်ပိုင်း ဒေသများဆီမှ နိုင်ငံသားများကို ချက်ချင်းကယ်ထုတ်ရေးအတွက် စစ်လေယာဉ်များ စေလွှတ်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က ဗုဒ္ဓဟူးနေ့တွင် အမိန့်ပေးခဲ့သည်။

အစိုးရအနေဖြင့် နိုင်ငံသားများ ဘေးကင်းရေးအတွက် ထပ်မံလုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်သွားမည်ဟု အသေးစိတ်အချက်များမဖော်ပြဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

လက်ဘနွန်တွင် တာဝန်ပေးထားသည့် တောက်ကိုရီးယားသံတမန်များသည်မူ ယင်းနိုင်ငံတွင်ပင် ဆက်လက်ရှိနေသည်ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

အင်္ဂါနေ့က အီရန်သည် အစ္စရေးအား ဒုံးကျည်များစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ အစ္စရေးက လက်ဘနွန်နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်လာခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခအရှိန်ပြင်းထန်လာခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်ပနိုင်ငံများက လက်ဘနွန်ရောက် ၎င်းတို့နိုင်ငံသားများကို အသီးသီးကယ်ထုတ်နေကြခြင်းဖြစ်သည်။

Ref: အာရပ်နူးစ်, အယ်လ်အာရေဗျနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here