Saturday, December 21, 2024

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး...

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ...

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်ကမ်းလွန်)တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်မွန်းလွဲ ၂...

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသဖြင့် သုံးနှစ်ကြာဆိုင်းငံ့ထားသည့်မြောက်ကိုရီးယားရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ ယခုသံရုံးပြန်လည်ဖွင့်လှစ်မှုသည် သုံးနှစ်ခွဲကြာပြီးနောက်...

Call centre မှတဆင့် စားအုန်းဆီမှာယူသူ...

စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ...
HomeNewsLocal News(၁၆) ကြိမ်မြောက် အိမ်ခြံမြေနှင့်...

(၁၆) ကြိမ်မြောက် အိမ်ခြံမြေနှင့် ကား အရောင်းပြပွဲကျင်းပနေ

အိမ်ခြံမြေနှင့် ကားများကို အထူးလျှော့ဈေးဖြင့် ရောင်းချသွားမည့် (၁၆) ကြိမ်မြောက် အိမ်ခြံမြေနှင့် ကား အရောင်းပြပွဲကို ရန်ကုန်မြို့ရှိ Lotte Hotel ၌ ယနေ့ အောက်တိုဘာ (၅) ရက်မှစတင်ကာ (၂)ရက်တိုင်တိုင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါ အိမ်ခြံမြေနှင့် ကား အရောင်းပြပွဲအား i-Myanmar House နှင့် CARSDB တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စုစုပေါင်း အရောင်းပြခန်း (၃၀)ကျော်ပါဝင်ကြောင်း သိရသည်။

” လာရောက်ကြည့်ရှု့တဲ့သူတွေအနေနဲ့ အိမ်၊ ခြံ၊ မြေ၊ကားတွေကို အထူးဈေးနှုန်းများ အရစ်ကျစနစ်များနဲ့ စီစဉ်ရောင်းချပေးမှာဖြစ်တဲ့အတွက် အများကြီးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု i-Myanmar House ၏ CEO ဦးနေမင်းသူက ပြောသည်။

အဆိုပါ ပြပွဲ၌ တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်၊ မော်တော်ကားများ၊ အရစ်ကျဝယ်ယူနိုင်ရန် ချိတ်ဆက်ထားသည့် ဘဏ်များ၏ ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်တို့မှ မြေကွက်များ၊ ရန်ကုန်မြို့ရှိ အဆင့်မြင့်ကွန်ဒိုနှင့် တိုက်ခန်းများကို ယင်းပြပွဲ၌ လာရောက်ပြသထားပြီး အမျိုးအစားအပေါ်မူတည်ကာ (၁၅) ရာခိုင်နှုန်းဝန်းကျင် ဈေးနှုန်းလျှော့ချ ရောင်းချပေးနေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး ဗဟိုဘဏ်စီစဉ်နေ

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law) အဋ္ဌမ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ဒီဇင်ဘာ (၁၈) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law) (မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရန် ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့...

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်ကမ်းလွန်)တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီက မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၄) အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၅၂၀)ခန့်ကိုဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာမည်မဟုတ်၍ အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ပြင် မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ဒီဇင်ဘာ ၂၃ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်...

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသဖြင့် သုံးနှစ်ကြာဆိုင်းငံ့ထားသည့်မြောက်ကိုရီးယားရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ ယခုသံရုံးပြန်လည်ဖွင့်လှစ်မှုသည် သုံးနှစ်ခွဲကြာပြီးနောက် အိန္ဒိယက ပြုံယမ်း၌ သံတမန်ဆက်ဆံရေး ပြန်လည်စတင်သည့်အခြေအနေလည်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အိန္ဒိယသံရုံးသည်၂၀၂၁ ခုနှစ်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကို သံတမန်ရေးအရပိုမိုအထီးကျန်စေခဲ့သည်။ ယခုအခါ နည်းပညာဝန်ထမ်းများ ပြန်လည်စတင်နေပြီးဖြစ်ကာ စီမံခန့်ခွဲရေးလုပ်ငန်းများလည်း ပြန်လည်စတင်နေခြင်းကြောင့် အိန္ဒိယသည် ကမ္ဘာ့အလျှို့ဝှက်ဆုံးနိုင်ငံတစ်ခုတွင် ခြေကုပ်စခန်းတစ်ခုကို ပြန်လည်ထူထောင်နေပြီဖြစ်သည်ဟုဆိုသည်။ ယခုအစီအစဉ်သည် နှစ်မိုင်ငံအကြား ပိုမိုကျယ်ပြန့်သောလမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ဆွီဒင်နှင့်ပိုလန်တို့ကဲ့သို့ အခြားနိုင်ငံများသည်လည်း မြောက်ကိုရီးယားရှိ သံရုံးများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သံတမန်ဆက်ဆံရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071