ရွှေပြည်သာမြို့နယ်၌ အမျိုးသမီးတစ်ဦး ဓာတ်လိုက်‌ေ-သဆုံး

0
57

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး အခန်းထဲ၌ ဓာတ်လိုက်‌ေ-သဆုံးခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၅ ရက်မွန်းတည့် ၁၂ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက် ၏ နေအိမ်လိုင်းခန်းတစ်ခု၏ အခန်းတစ်ခန်းအတွင်း၌ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ဓာတ်လိုက်‌ေ-သဆုံးနေကြောင်း သတင်းအရ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြကြောင်း သိရသည်။

” အဲဒီရပ်ကွက်က တာဝန်ရှိသူတွေက အမျိုးသမီးတစ်ယောက် ဓာတ်လိုက်‌ေ-သဆုံးနေတာကြောင့် လာသယ်ပေးဖို့ ကျွန်တော်တို့အသင်းကိုဖုန်းဆက်ခဲ့တာပါ။ ဘယ်အချိန်ထဲကဖြစ်နေတယ်ဆိုတာမသိပါဘူး။ အဲဒီအမျိုးသမီးက သူတို့နေတဲ့အခန်းထဲမှာ မီးဘုတ်ကိုင်ပြီးလဲကျ‌ေ-သဆုံးနေတာပါ။ သူ့အမျိုးသားက နယ်မှာအလုပ်သွားလုပ်နေတယ်။ နောက်ပြီး အသက်(၆)နှစ်လောက်ဘဲရှိသေးတဲ့သူ့သမီးက သူ့အဘွားနဲ့သွားအိပ်နေတာလို့သိရပါတယ်။ အခင်းဖြစ်တဲ့အချိန်က သူတစ်ယောက်ထဲပါ”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ‌ေ-သဆုံးသူအမျိုးသမီး၏ ရုပ်အလေ-ာင်းအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှသယ်ယူ၍ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ PR-29 ဖြင့်အပ်နှံပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here