မြို့သာစက်မှုဇုန်ရှိ မြန်မာ-တရုတ်ဖက်စပ် ဘီစကစ်စက်ရုံဓ-ားပြတိုက်ခံရပြီး ငွေကျပ်သိန်း (၃၀၀)နှင့်ကားတစ်စီးကို လုယက်ယူဆောင်သွား

0
42

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့၊ မန္တလေး-မြို့သာစက် မှုဥယျာဉ်မြို့တော်ရှိ မြန်မာ-တရုတ်ဖက်စပ်လုပ်ကိုင်သည့် ဘီစကစ်စက်ရုံဓ-ားပြတိုက်ခံရပြီး ငွေကျပ်သိန်း(၃၀၀)နှင့်ကားတစ်စီးကို လုယက်ယူဆောင်သွားခဲ့မှု ယနေ့ အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

အမည်မသိ အမျိုးသား(၅)ဦးသည် ‌ေ-သနတ်များကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် ငါန်းဇွန်မြို့၊ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်ရှိ တရုတ်- မြန်မာဖက်စပ်လုပ်ကိုင်သည့် Myanmar Ding Wang ဘီစကစ်စက်ရုံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာပြီးနောက် စက်ရုံဝန်ထမ်းများအား ‌ေ-သနတ်ပြခြိမ်းခြောက်၍ မှောက်လျက်နေခိုင်းကာ စက်ရုံမန်နေဂျာရုံးခန်းအတွင်းရှိ ဝန်ထမ်းများအားပေးချေမည့် လစာငွေကျပ်သိန်း(၃၀၀)ခန့်နှင့် Honda Fit ကားတစ်စီးတို့ကို လုယက်ယူဆောင်ပြီးနောက် မြင်းခြံမြို့နယ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here