ဆားတောတံတားပြုပြင်ပြီးဖြစ်၍ ပြန်လည်ဖြတ်သန်းခွင့်ပြု

0
24

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်-နမ့်လန်သွားကားလမ်းပေါ်ရှိ ဆားတောတံတားသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေစီးဆင်းမှုကြောင့် ရေတိုက်စားကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

ဆားတောတံတား၏ ချဉ်းကပ်လမ်းနှင့်တံတားအနည်းငယ်ပျက်စီးသွားသဖြင့် ကားများ၊ ဆိုင်ကယ်များ၊ လူများဖြတ်သန်းသွားလာ၍မရသဖြင့် မိုင်းကိုင်မြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံးပြန်လည်ဖြတ်သန်းသွားလာနိုင်ရန်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” ရေတိုက်စားတဲ့အရှိန်နဲ့တံတားကပျက်စီးသွားတာကို အမြန်ပြင်ဆင်ခဲ့ကြတဲ့အတွက် ဒီနေ့မှာပြန်ပြီးဖြတ်သန်းလို့ရသွားပြီ။ ဒီ ဆားတောတံတားက ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်း ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ အရေးပါတဲ့တံတားတစ်စင်းပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

မိုင်းကိုင်မြို့နယ်လမ်းဦးစီးဌာနမှ ပျက်စီးသွားသည့် ဆားတောတံတားအား အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် ယနေ့ အောက်တိုဘာ ၅ ရက်တွင် ပြင်ဆင်ပြီးဖြစ်၍ ကားလေးများနှင့်ဆိုင်ကယ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here