သီတင်းကျွတ်လပြည့်နေ့အတွက် ကျိုက်ထီးရိုးစေတီတော်တွင် တောင်တက်မော်တော်ယာဉ်များကို ကြံ့ခိုင်မှုပြင်ဆင်နေ

0
20

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့ဘုရားဖူးများ ဖူးမြော်နိုင်ရန် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များအား ကြံ့ခိုင်မှုများ ပြင်ဆင်နေသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲအား သီတင်းကျွတ်လပြည့်‌နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ကာ ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးမှုကို ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်‌ခြေ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနအပါအဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်းအဖွဲ့ဝင်များတို့မှ တွေ့ဆုံညှိနှိုင်းပြီး ဘုရားဖူးပြည်သူများအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်များတွင် သွားလာရ လွယ်ကူသည့် ပုဂံနှင့် ချောင်းသာအပါအဝင် ကျိုက်ထီးရိုးကို သွားရောက်ရန်အတွက် ခရီးစဉ်များ ကြိုတင် စုံစမ်းမှုများပြားနေသည်ဟု ခရီးသွားလုပ်ငန်းများမှ ပြောသည်။

သီတင်းကျွတ်ရုံးပိတ်ရက်သည် အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေပါခံသောကြောင့် အောက်တိုဘာ ၁၆ မှ ၂၀ ရက်အထိသည် ငါးရက်ဆက်တိုက် အစိုးရရုံးပိတ်ရက် ဖြစ်လာသည်။

ထို့ကြောင့် ထိုရုံးပိတ်ရက်ငါးရက်အတွင်း သွားရလွယ်ကူကာ နယ်မြေအေးချမ်းသည့် ဒေသများကို ခရီးသွားမည့်လူများ များနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here