အင်းလေးဒေသနှင့် ကယားစစ်ဘေးရှောင်များကို ရွှေဆံပင်အဖွဲ့ သွားရောက်ကူညီ

0
25

ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လဦးဆောင်သော ရွှေဆံပင်ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့သည် အောက်တိုဘာလ (၆)ရက်၊ (၇)ရက်နှင့် (၈)ရက်တို့တွင် အင်းလေးဒေသသို့ ရေ ဘေးအလှူ သွားရောက်ကူညီလျက်ရှိကြောင်း သိရသည်။

အင်းလေးဒေသ ရွာကြီးတောင်အလယ်ရပ်၊ ရေသာရပ်နှင့် ကန့်လန့်ရွာ (၃)ရွာကို အောက်တိုဘာလ (၆)ရက် နံနက်ပိုင်းတွင် လှူဒါန်းကြမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် အေးသာယာမြို့ရှိ ကယားစစ်ဘေးရှောင်မိသားစု (၅၀၀)ကို လှုဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

“အင်းလေးအစပ် ညောင်ရွှေကကံကြီးပရိယတ္တိစာသင်တိုက်မှာတည်းပါတယ်။ ရွှေကျင်သာသနာပိုင်‌ ညောင်ရွှေ ဆရာတော်ကြီးရဲ့ ကျောင်းပါ။ သံဃာ (၂၅၀) ခန့်ရှိပြီး ကြည်ညိုစရာကောင်းပါတယ်။ အောက်တိုဘာလ (၇)ရက် မယ်တော်ကြီးမွေးနေ့မှာ ဆွမ်းကပ်ပြီး ညနေပိုင်းဒီ၀န်းကျင်ကကျောင်းတွေမှာတည်းနေတဲ့ ‌စစ်ဘေးရေဘေးရှောင် ၁၅၀၀/၂၀၀၀ လောက်ကို စတုဒိသာကျွေးမှာပါ”ဟု ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လက မိန့်ကြားသည်။

အောက်တိုဘာလ (၆)ရက်တွင် လှူဒါန်းမည့် အင်းလေးအိမ်ထောင်စု (၁၀၀၀) စာအတွက် ဆန် (၅)ပြည်အိတ် (၁၀၀၀)၊ခြင်ထောင်အလုံး (၁၀၀၀)၊ မုန့်ထုတ် (၁၀၀၀)၊ Solar ဓာတ် မီး (၁၀၀၀)၊ ဆေးထုတ် (၁၀၀၀)၊ကာဘော်လစ်ဆပ်ပြာတောင့် (၂၀၀၀)၊ ငံပြာရည် ငါးနီတူထုတ် (၁၀၀၀)ကျော်နှင့် ငပိထောင်းဗူးများကို လှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။

ရွှေဆံပင်အဖွဲ့သည် အောက်တိုဘာလ (၇)ရက် နံနက်တွင် ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက်တွင် အာရုဏ်ဆွမ်းဆက်ကပ်မည်ဖြစ်ပြီး မိုင်းပျိုးရေတန်းရွာ၊ မိုင်းပျိုးရေ ကာရွာနှင့် ကန်ကြီးညောင်ရွှေရွာများသို့ သွားရောက်လှူဒါန်း ကြမည်ဖြစ်သည်။

ယင်းနေ့ ညနေပိုင်းတွင် ညောင်ရွှေမြို့ရေဘေးရှောင်၊ စစ်ဘေးရှောင်စခန်းများရှိ ရေဘေးသင့်၊ စစ်ဘေးသင့်ပြည်သူ (၁၅၀၀) ဦးကို ညစာအာဟာရကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေဆံပင်အဖွဲ့သည် အောက်တိုဘာလ (၈)ရက် နံနက်တွင် မြေနီကုန်းရွာနှင့် နေ့ခင်းပိုင်းတွင် မြို့မရွာသစ်ဒေသများသို့ သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here