ဘော့စနီးယားမှာ ရေကြီးမြေပြို ၍ ဘောလုံးပွဲစဉ်အားလုံး ရွှေ့ဆိုင်းခဲ့

0
26
An aerial photo shows rescue and emergency teams clearing debris and searching for survivors in a flooded area along the Neretva river canyon following heavy rains in the village of Donja Jablanica, about 50 Km (31 miles) south-west of Sarajevo, on October 4, 2024. - Heavy rains that flooded towns and touched off landslides left at least 14 people dead in Bosnia on Friday, authorities said. Jablanica, some 70 kilometres (43 miles) southwest of Sarajevo, appeared to bear the brunt of the downpours, which cut it off from the outside world. (Photo by ELVIS BARUKCIC / AFP)

ဘော့စနီးနိုင်ငံ ဒေသများစွာတွင် ရေကြီးရေလျှံကာ မြေပြိုခြင်းကြောင့် လူ ၁၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သည်။ စနေနေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးလျက်ရှိသူများကို ရှာဖွေနေကြသည်။

အဆိုပါ သဘာဝဘေးဖြစ်စဉ်ကြောင့် ဘောလုံးပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းလိုက်ရကြောင်းလည်း သိရသည်။

သောကြာနေ့က မိုးသက်လေပြင်းများကျရောက်ခဲ့ပြီးနောက် အလယ်ပိုင်းမြို့ ဂျက်ဘလန်နီကာ တွင် ဖုံးအုပ်သွားသော ကျောက်တုံးကျောက်ခဲများနှင့် အပျက်အစီးအပိုင်းအစပုံများကို ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေခဲ့သည်။

ဂျက်ဘလန်နီကာ နှင့် အနီးနားရှိ ကွန်းဂျစ်မြို့ဝန်းကျင် ဒေသများတွင် စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရုတ်တရက် ရေကြီးကာ အိပ်မောကျနေသော ဒေသခံများ၏ နေအိမ်များအတွင်းကို ရေများဝင်ရောက်ခဲ့သည်။

ရေ မြင့်တက်လာသောကြောင့် မြေပြိုခဲ့ပြီး လမ်းများ၊ တောင်ကုန်းများ ပြိုကျပျက်စီးခဲ့ကာ ကျေးရွာများ ရွှံ့ဖုံးခဲ့ပြီး ဒေသတစ်ခုလုံး အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

ကလေ-းငယ်တစ်ဦး အပါအဝင် လူ ၁၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက အတည်ပြုခဲ့ပြီး လူ ၁၀ ဦးခန့် ထက်မနည်း ပျောက်ဆုံးနေကာ လူများဒါဇင်နှင့်ချီ ၍ဒဏ်ရာရခဲ့သည်ဟု ပြောသည်။

ဘော့စနီးယားဘောလုံးအဖွဲ့ချုပ်(NFSBIH) က အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီး အဖွဲ့ချုပ်နှင့် ကကျင်းပသော ပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။

“ဒီနေ့ အရေးပေါ်အစည်းအဝေး လုပ်ပြီးတော့ ဘော့စနီးယားနဲ့ ဟာစီဂိုးဗီးနားမှာ ရေကြီး မြေပြိုလို့ သဘာဝဘေးအန္တရာယ်အခြေအနေကျရောက်ကြောင်း ကြေညာခဲ့ပါတယ်” ဟု NFSBIH က သောကြာနေ့တွင် ပြောဆိုခဲ့သည်။

ရေကြီးမှုကြောင့် ကလပ်အသင်းအတော်များများ၏ အဆောက်အအုံများ ရေနစ်မြုပ်ခဲ့ပြီး တတိယတန်းကလပ်တစ်ခုဖြစ်သည့် Brnjaci ၏ အိမ်ကွင်းသည် ရေနစ်မြုပ်နေခဲ့ကာ ကလပ်ပရိဝုဏ်အတွင်း ရေလွှမ်းနေသောကြောင့် ရပ်ရွာဒေသခံများထံမှ အကူအညီတောင်းခံနေရကြောင်း သိရသည်။

Ref: အေပီ, စပို့တ်စတား


LEAVE A REPLY

Please enter your comment!
Please enter your name here