ကွန်ဂို၌ မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးပြီ

0
36
A clinician administers the mpox vaccine to a social mobilizer during the launch of the vaccination campaign at the General Hospital of Goma, on October 5, 2024. - The Democratic Republic of Congo, the epicentre of an mpox epidemic, launched a vaccination campaign against the virus on October 5, 2024 in the eastern city of Goma. The first vaccines were administered to hospital staff, with the program due to target the general population from October 7, 2024 in the east of the country, where the current outbreak started a year ago. (Photo by Aubin Mukoni / AFP)

ဂိုမာ၊အောက်တိုဘာ ၆

မျောက်ကျောက်ရောဂါစတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မျောက်ကျောက်ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားမှုကို အောက်တိုဘာ ၅ ရက်နေ့ကစတင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းကစတင်ရန်ရည်ရွယ်ထားသော်လည်း နွမ်းပါးသည့် အာဖရိကနိုင်ငံ၏ ခက်ခဲသည့်လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် သုံးရက်ခန့်နောက်ကျပြီးမှ လှုပ်ရှားမှုကို စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပထမအချီထိုးနှံချိန်တွင် လူနာများကို ကာကွယ်ဆေးတောက်လျှောက်ထိုးနှံရမည့် ဆရာဝန်များကို ဦးစားပေးထိုးနှံမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ ယခုကာကွယ်ဆေးထိုးနှံခြင်းသည် ဆက်လက်ဖြစ်ပွားနေသည့် ရောဂါထိန်းချုပ်ရေးကြိုးပမ်းမှုများကို ခိုင်မာအား‌ကောင်း‌စေရန်နှင့် အသက်အန္တရာယ် ကာကွယ်ရန် အရေးကြီးသောအစီအစဉ်တစ်ခုဖြစ်သည်ဟုပြောကြားခဲ့သည်။

ကွန်ဂို၌ လက်ရှိအချိန်အထိ အမေရိကနှင့်ဥရောပသမဂ္ဂတို့ကလှူဒါန်းထားသည့် ကာကွယ်ဆေးအလုံးရေ ၂၆၅,၀၀၀ ကိုရရှိထားပြီးဖြစ်ကာ ပြင်သစ်၊ဂျပန်နှင့်အမေရိကတို့က ကတိပြုထားသည့် သန်းနှင့်ချီသောနောက်ထပ်ကာကွယ်‌ဆေးများကို စောင့်ဆိုင်းနေသေးသည်ဟုလည်းသိရသည်။

ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကနိုင်ငံတစ်ခုဖြစ်သည့်ကွန်ဂိုတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၃,၀၀၀ ကျော်နှင့် ‌ေ-သဆုံးသူ ၉၈၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့ပြီး ‌ေ-သဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းသည် ငါးနှစ်အောက်ကလေ-းများဖြစ်ကြသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here