၇၅ နှစ်မြောက်သံတမန်ဆက်ဆံရေး ရှီ/ကင်မ်အပြန်အလှန်ဂုဏ်ပြု

0
28
This June 21, 2019 picture released from North Korea's official Korean Central News Agency (KCNA) on June 22, 2019 shows China's President Xi Jinping (R) and North Korean leader Kim Jong Un (L) walking at the Kumsusan State Guest House in Pyongyang. (Photo by KCNA VIA KNS / AFP)

ပေကျင်း၊အောက်တိုဘာ ၆

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ကင်မ်ဂျုံအမ်တို့သည် မော်စကို – ပြုံယမ်း သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် သဝဏ်လွှာများ ကိုအပြန်အလှန် ပေးအပ်ခဲ့ကြသည်ဟုသိရသည်။

သဝဏ်လွှာ၌ သမ္မတရှီက တရုတ် – မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးဖွံ့ဖြိုုးတိုးတက်မှုကို ၎င်းအနေဖြင့် တန်ဖိုးထားပါကြောင်းပြောကြားခဲ့ပြီး ယခုကျရောက်သည့် ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့မှတစ်ဆင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်းဆိုခဲ့သည်။

ထို့ပြင် ယခုသံတမန်ဆက်ဆံရေးကို ရေရှည်ဆက်လက်ထိန်းသိမ်းကာ နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက်ဆက်ဆံရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှုကိုအားကောင်းစေပြီး ချစ်ကြည်ရင်းနှီးစွာ ဆက်လက်လုပ်ဆောင်သွားမည့် အခွင့်အလမ်းတစ်ခုအနေဖြင့် အသုံးချရန် တရုတ်ဘက်မှစိတ်အားထက်သန်လျက်ရှိကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here