PNO/PNA ဦးဆောင်၍ ထမ်စမ်းဂူ ပြုပြင်ရေးအတွက် အလှူငွေသွားရောက်ပေးအပ်လှူဒါန်း

0
16

ရှမ်း/တောင် ဟိုပုံးမြို့နယ်အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားခဲ့သော ထမ်စမ်းဂူ ပြုပြင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA က ဦးဆောင်၍ အလှူငွေများသွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

PNO/PNA၏ ယနေ့အသိပေးချက်တွင် အဆိုပါ လှူဒါန်းငွေများမှာ တပ်မတော်နည်းပညာနှင့် သိပ္ပံကျောင်း (ဟိုပုံး)မှ ကျပ်ငွေ(၁၅)သိန်း၊ပင်းပက်သံမဏိစက်ရုံမှ ကျပ်ငွေ(၁၀)သိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA မှ ကျပ်သိန်း(၅၀)၊ KBZ Ground မိသားစုမှ ကျပ်သိန်း (၁၀၀)နှင့် မြင့်မိုရ်တိုင်း ရန်ကင်းစစ်ဒေသမှူးမှ ကျပ်(၁၀) သိန်း စုစုပေါင်း (၁၈၅) သိန်းအား စုပေါင်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာ(၁၀)ရက်နေ့၌ ဟိုပုံးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဂူအတွင်းရေဝင်ပြီး လမ်း၊ တံတားနှင့် အဆောက်အဦးတစ်ချို့ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ထိုသို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထမ်စမ်းဂူ၏ အမြင့်ဆုံးနေရာသည် ပေ (၆၀)ခန့် မြင့်ပြီး အကျယ်ဆုံးနေရာမှာ ပေ (၂၀၀) ခန့် ကျယ်ကာ သက်ရင့် ထုံး ကျောက်ဂူ တစ်ဂူလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here