အီဂျစ်က လက်ဘနွန်ကို ထောက်ပံ့ရေးပစ္စည်း ၂၂ တန်ပေးပို့

0
30
Fire and smoke rise at an area targeted by an Israeli airstrike on Beirut’s southern suburb on October 6, 2024. - Official Lebanese media said five Israeli strikes hit south Beirut and its outskirts during the night of Octobre 5, 2024, four of them "very violent", after the Israeli army called residents to evacuate the Hezbollah bastion. (Photo by ETIENNE TORBEY / AFP)

ကိုင်ရို၊အောက်တိုဘာ ၅

အီဂျစ်နိုင်ငံသည် လက်ဘနွန်သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ထောက်ပံ့ရေးပစ္စည်း ၂၂ တန်ကို ပေးပို့ကူညီခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ကကြေငြာခဲ့သည်။

ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတင်ဆောင်လာသည့် လေယာဉ်သည် ဘေရွတ်မြို့သို့ ဆင်းသက်ခဲ့ကြောင်းသိရသည်။

ယခုအစီအစဉ်ကို အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေရသည့် လက်ဘနွန်ရှိ အရပ်သားပြည်သူများအတွက် ထောက်ပံ့ကူညီပေးရန်အီဂျစ်သမ္မတ၏ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကြေငြာချက် ဝွင်ပြောကြားထားသည်။

ထို့ပြင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ခရီးသည်တင်လေယာဉ်များရပ်နားလိုက်ရချိန်တွင် လက်ဘနွန်ရှိအီဂျစ်သံရုံးက Egypt Air ၏ အစီအစဉ်ဖြင့် လက်ဘနွန်၌ သောင်တင်နေသည့် အီဂျစ်နိုင်ငံသား ၂၈၆ ဦးကို နေရပ်ပြန်ပို့ပေးနိုင်ခဲ့ကြောင်းလည်း ကြေငြာချက်၌ ခေါ်ပြထားထားသည်။

အစ္စရေးသည် မကြာသေးမီကပင် ဘေရွတ်မြို့နှင့်ဆင်ခြေဖုံးရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှုများ ကို အရှိန်မြှင့် တင်ခဲ့ပြီး ဟစ်ဇ်ဘိုလာ အရာရှိများနှင့် အဆောက်အအုံများကို ပစ်မှတ်ထား လျှက်တိုက်ခိုက်နေခြင်းဖြစ်သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here