ပြည်ပသို့စေလွှတ်သည့် အလုပ်သမားစာရင်းပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီများကို လုပ်ငန်းဆိုင်းငံ့မည်

0
27

စက်တင်ဘာလအတွင်း ပြည်ပသို့ စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်း ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီများ ယနေ့နောက်ဆုံးထား မပေးပို့ပါက အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆိုင်းငံ့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

လက်ရှိတွင် စာရင်းပေးပို့ထားခြင်း မရှိသည့် အေဂျင်စီ (၆၆) ခုကို နာမည်စာရင်းနှင့်အတူ ထုတ်ပြန်ထားပြီးအောက်တိုဘာ (၆)ရက် နောက်ဆုံးထားပေးပို့ရန် အသိပေးထားခြင်း ဖြစ်သည်။

အကယ်၍ သတ်မှတ်ချက်အတိုင်း မပေးပို့ပါက အဆိုပါ အေဂျင်စီများအား ဒဏ်ကြေးအပြင် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်ကိုပါ ဆိုင်းငံ့အရေးယူမည်ဟု ဆိုသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လကုန်ပြီး (၅) ရက်အတွင်း စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်းများကို အလုပ်သမားဝန်ကြီးဌာနထံ ပေးပို့ရန်လိုအပ်ပြီး စေလွှတ်ခဲ့ခြင်းမရှိပါက မရှိသည့်အကြောင်း သတင်းပေးပို့ရန် ညွှန်ကြားထားခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရယူထားသည့် အေဂျင်စီ (၆၀၀)နီးပါး ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here