ရေဘေးအလှူပြီးဆုံးပြီဖြစ်သလို ပြိုင်ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေပြီဟု ထွန်းထွန်းမင်း ပြော

0
11

ရေဘေးအလှူအောင်မြင်စွာပြီးဆုံးပြီဖြစ်သလို ပြိုင်ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေပြီဟု ထွန်းထွန်းမင်းက ယနေ့တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေး ပြောကြားသည်။

“ကျွန်တော် ရေဘေးအလှူအောင်မြင်စွာပြီးမြောက်ခဲ့တဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ကျွန်တော်ကို ပါဝင်ကူညီပေးတဲ့ ပြည်ပပြည်တွင်း အလှူရှင်များအားလုံးကို အထူးကျေးဇူတင်ပါတယ်။ကျွန်တော် ပြိုင်ပွဲအတွက် အခုကနေ စပီ Ready ဖြစ်နေပါပြီ။ ပြိုင်ပွဲအတွက်ပဲ စိတ်နစ်ထားပါတော့တယ်။”ဟု အသိပေးထားသည်။

ပြီးခဲ့သော စက်တင်ဘာ (၂၇)ရက်နေ့တွင် ထွန်းထွန်းမင်းနှင့် ရိုးရာလက်ဝှေ့မိသားစုများ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သို့ ရေဘေးအလှူခရီးစဉ်ထွက်ခွာကြခြင်းဖြစ်ပြီး၊ ယမန်နေ့ အောက်တိုဘာ(၅)ရက်တွင် ခရီးစဉ်ပြီးဆုံးခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် နိုဝင်ဘာ(၉)ရက်၌ ဘားအံမြို့ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြင့် ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွင်း ထည့်သွင်း ပြုလုပ်သွားမည့် ဒုတိယအကြိမ် မြန်မာပြည်အလွတ်တန်းချန်ပီယံလုပွဲအတွက် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်အား (၅)ချီအလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊စက်တင်ဘာ (၂၂)ရက်က အလွတ်တန်းချန်ပီယံဆုအတွက် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့ (၇)ချီအလဲထိုးစနစ်ဖြစ်ယှဉ်ပြိုင်ခဲ့ကြရာ ထွန်းထွန်းမင်းက အနိင်ရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်တို့သည် TGL နှင့် MLWC ပြိုင်ပွဲ (၂)ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြရာ သွေးသစ်ဝင်းလှိုင်မှာအဆိုပါ နှစ်ပွဲအနက် တစ်ပွဲနိုင် တစ်ပွဲပူးတွဲသရေ ရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here