မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးအခြေအနေကြောင့် ICU ၌ စောင့်ကြည့်ကုသနေရ

0
39

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေးအခြေအနေအရ မန္တလေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ စောင့်ကြည့်ကုသနေရကြောင်း မိသားစုနှင့် နီးစပ်သူများထံ မှ သိရသည်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သည်ဆိုသည့် သတင်းထွက်‌ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ‌၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

“အခု ICU (အထူးကြပ်မတ်ကုသဆောင်)ထဲမှာပါ။ သတင်းမှားပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင် မှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု ၎င်းကပြောသည်။

၎င်းအား ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့် ပေးခဲ့သည်ဟု ကြားသိရသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။

အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညိုပျက်စီးစေမှု၊ အဂတိလိုက်စားမှုအပါအဝင် အခြားသော အမှုများဖြင့် ထောင်ဒဏ် (၂၉) နှစ် ချမှတ်ထားခံရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here