ပြည်တွင်း ဈေးကွက်၌ ယမန်နှစ်ထက် EV ဝယ်လိုအား မြင့်တက်လာဟုဆို

0
25

လက်ရှိပြည်တွင်းကားဈေးကွက်အတွင်း EV ဝယ်လိုအား မြင့်တက်လာကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်း (MAMDA) မှ သိရသည်။

EV ဝယ်လိုအားသည် ယမန်နှစ်နှင့် နှိုင်းယှဥ်ပါက ဝယ်လိုအားတက်လာခြင်းဖြစ်ကြောင်း Popular News ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။

” EV ဝယ်လိုအားကတော့တက်လာပါတယ်။ ဒါပေမဲ့လည်း EV ကလက်ရှိကတော့ မြို့ပြအတွက် Demand ပေါ့။ တခြားနယ်ပယ်တွေမှာလည်း EV အတွက်သုံးဖို့ Ready မဖြစ်သေးဘူးပေါ့။ အချိန်တစ်ခု ရောက်ရင်တော့ ဖြစ်လာမှာပါ။အဓိကက Infrastructure တွေ power supplies တွေလိုတဲ့အတွက် ကိုယ့်မြို့ပြမှာနေတဲ့သူတွေ အတွက်ကတော့ မနှစ်က (၅)ယောက်ရှိရင် ဒီနှစ်မှာ (၇) ယောက် (၈)ယောက်လော က်ရှိလာနိုင်တယ်။ demand တော့ တက်လာတယ်။ EV ဝယ်လိုအားကလည်း မနှစ်ကထက် စာရင်တော့များလာပါတယ်” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်အထိ လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းကို ဦးစားပေးအဆင့်ထားရှိကာ အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ်သည်။

ပြည်တွင်း၌ EV လျှပ်စစ်ကားများတင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ (၁၀၀) ကျော်ကို တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားရာမှ ပြည်တွင်းသို့ အစီးရေ (၅၀၀၀) ခန့်တင်သွင်းထားပြီး တရားဝင်တင်သွင်းခွင့်ရထားသည့် ကုမ္ပဏီ (၁၀၀) ကျော်အထဲမှ ကုမ္ပဏီအချို့ကသာ တင်သွင်းရောင်းချနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here