ရေပြန်ကျသွားသည့် တာချီလိတ်မြို့ရှင်းလင်းရေးအတွက် ယာဥ်၊ ယန္တရားများဖြင့်ဆောင်ရွက်လျက်ရှိ

0
28

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စံ ချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေပြန်ကျသွားချိန်၌ တင်ကျန်ရစ်သည့် ရွှံ့နွံများ၊ နုန်းများနှင့် အမှိုက်သရိုက်များကိုဖယ်ရှားရှင်းလင်းရာတွင် ယာဥ်၊ ယန္တရားများဖြင့်ပါဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ်(၁)၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသော တာချီလိတ်မြို့ရှိ အလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများမှ ယာဉ်၊ ယန္တရား ၂၅ စီးဖြင့် ပါဝင်ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

” တာချီလိတ်မြို့က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ ပုန်းထွန်၊ မယ်ခေါင်နဲ့ မကာဟိုခမ်းရပ်ကွက်တွေမှာ ရွှံ့နွံတွေ နုန်းတွေနဲ့ အမှိုက်တွေရှိနေသေးတာကြောင့် နေရာအလိုက်ဦးစားပေးပြီးလူအင်အား ယာဥ် ယန္တရားအင်အားတွေနဲ့ရှင်းနေကြတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

ဖယ်ရှားရှင်းလင်းမှုများအား အလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများက ယာဥ်၊ ယန္တရား(၂၅)စီးဖြစ်သည့် Backhoe များ၊ Wheel Loader များ၊ Dump Truck များဖြင့် စာသင်ကျောင်းများ၊ လမ်းများအတွင်းရှိ ရွှံ့နွံများ၊ နုန်းများ၊ အမှိုက်သရိုက်များအား ဖယ်ရှားခြင်း၊ သတ်မှတ်နေရာများသို့ သယ်ပို့ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here