မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဟောင်ကောင်အသင်းတို့၏ ခြေစမ်းပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်

0
18

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် မြန်မာ့လက်ရွေး စင်အမျိုးသမီးအသင်းနှင့်
ဟောင်ကောင်အသင်းတို့၏ ခြေစမ်းပွဲကို အောက်တိုဘာ (၂၃)ရက်နှင့်(၂၆)ရက်တို့တွင်
နှစ်ကျော့ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲကို ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်းနှင့် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် ယှဉ်ပြိုင် ကစားရန် စီစဉ်ထားကြောင်း MFF က အသိပေးထားသည်။

ပွဲစဉ်အတွက် မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ(၆)ရက် နံနက်ပိုင်းမှစတင်၍ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် ဟောင်ကောင်လက်ရွေး စင် အမျိုးသမီးအသင်းတို့ နောက်ဆုံး တွေ့ဆုံခဲ့သည့်ပွဲမှာ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲတွင် ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိထားသည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီ တက်ဆုရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးန ည်းပြအဖြစ် ဦးစိန်‌အေးတို့က ကိုင်တွယ်လျက်ရှိပြီး လက် ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၂၈) ဦးဖြင့် စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပ နိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အ တွေ့အကြုံရှိ ကစားသမားများအပြင် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်း ရွေးချယ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here