ဘင်္ဂလားဒေ့ရှ် ရေကြီးမှု ‌ေ-သဆုံးသူ ငါးဦးရှိပြီး ထောင်ပေါင်းများစွာ ပိတ်မိနေ

0
19
People move through flood waters in Feni, in south-eastern Bangladesh, on August 23, 2024. - Flash floods wrought havoc in Bangladesh on August 23 as the country recovers from weeks of political upheaval, with the death toll rising to 13 and millions more caught in the deluge. (Photo by MUNIR UZ ZAMAN / AFP)

မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် မြစ်ညာပိုင်းတွင် ရေကြီးမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းတွင် ဆိုးဝါးသည့် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လူ ငါးဦးထက်မနည်း ‌ေ-သဆုံးကာ ၁ သိန်းကျော် ရေဘေးကြုံနေခဲ့သည်ဟု တနင်္ဂနွေနေ့တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရေဘေးဒဏ်ကို အပြင်းထန်ဆုံးကြုံတွေ့ခဲ့သည့် မြောက်ပိုင်းခရိုင်များတွင် ပါဝင်သော ရှားပူရ်တွင် အဓိကမြစ်ကြောင်းများ၏ မြစ်ရေမြင့်တက်ခဲ့ပြီး ရေလွှမ်းဧရိယာများထပ်တိုးခဲ့ကာ မိသားစု ထောင်နှင့်ချီ၍ ရေဘေးရှောင်ခဲ့ရသည်။

ကောက်ပဲသီးနှံများ၊ လယ်မြေများ အထူးသဖြင့် စပါးစိုက်ခင်းများနှင့်အတူ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုပျက်စီးမှုလာမည့်အရေးကို အဏာပိုင်များက စိုးရိမ်နေကြသည်။ နေအိမ်များစွာနှင့် လမ်းများသည် ရေအောက်၌ ပေအတော်များများ နစ်မြုပ်နေပြီး ကျေးရွာများလည်း အဆက်အသွယ်ပြတ်တောက်ခဲ့ကာ ဒေသခံများကို ကယ်ထုတ်ပေးရန် အပူတပြင်းလိုအပ်လျက်ရှိသည်။

“ကျွန်တော့်တစ်သက် ဒီလိုရေကြီးတာမျိုး တစ်ခါမှ မကြုံဖူးပါဘူး” ဟု ဒေသခံတစ်ဦးဖြစ်သည့် အဘူတာဟာက ပြောဆိုသည်။

စစ်သားများက လှေများ၊ ရဟတ်ယာဉ်များသုံးကာ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ကိုပို့ဆောင်ခြင်း၊ ရေဘေးအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ပေးခြင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည်။

တံတားများ ကျိုးကျခြင်း၊ လမ်းများ ရေမြုပ်နေခြင်းတို့ကြောင့် အာဏာပိုင်များအနေဖြင့် ရေဘေးသင့် ဧရိယာများသို့ ရောက်ရှိရန် အခက်အခဲရှိနေကြောင်း သိရသည်။

Ref: အာရပ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here