အိန္ဒိယလေကြောင်းပြပွဲ၌ အပူရှပ်၍ လူ သုံးဦး ‌ေ-သဆုံး

0
17
Indian Air Force (IAF) helicopters perform during an airshow ahead of the Indian Air Force day celebrations at Marina beach in Chennai on October 6, 2024. (Photo by R.Satish BABU / AFP)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့တွင် တနင်္ဂနွေနေ့က လူ ၁ သန်းခွဲခန့် တက်ရောက်ခဲ့သော အိန္ဒိယလေတပ်၏ လေကြောင်းပြပွဲတစ်ခု၌ အပူရှပ်သဖြင့် လူ သုံးဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု ရဲအရာရှိများက ပြောဆိုသည်။

လေတပ်၏ ၉၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အရှည်ဆုံး ကမ်းခြေများတွင် ပါဝင်သည့် မာရီနာကမ်းခြေတွင် လေကြောင်းပြပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် အမြင့်ဆုံးအပူချိန်သည် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့သည်ဟု မိုးလေဝသဌာနက သတင်းဖော်ပြသည်။

“အဓိက ကတော့ ရေဓါတ်ခမ်းခြောက်တာကြောင့် လေကြောင်းပြပွဲကို တက်ရောက်ခဲ့သူနှစ်ဦး ‌ေ-သဆုံးခဲ့ပါတယ်၊ အပူရှပ်ပြီး သူတို့တွေ မူးလဲကျပြီး သေဆုံးခဲ့တာပါ” ဟု ချန်နိုင်း၏ Triplicane ဒေသဆိုင်ရာ အကြီးတန်းရဲအရာရှိ R.Alagu က ပြောဆိုခဲ့သည်။

ထို့အပြင် ချန်နိုင်းမြို့ Mylapore အရပ်တွင် အပူဒဏ်ကြောင့် နောက်တစ်ဦး ထပ်မံ၍ ‌ေ-သဆုံးခဲ့သည်ဟု ရဲအရာရှိ T.Vivekanandan က ပြောကြားခဲ့သည်။

ရာသီဥတု ပူးပြင်းနေသော်လည်း ရေပေးဝေမှုစနစ်အလုပ်လုပ်ခြင်း မရှိကြောင်းနှင့် လေဝင်လေထွက်မရှိမှုနှင့် ရေဓါတ်ခမ်းခြောက်မှုတို့ကြောင့် လူများ မူးမေ့လဲကျခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အခမ်းအနားကို တက်ရောက်ခဲ့သည့် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတစ်ဦးက ပြောသည်။

“အဆိုးဆုံးကတော့ ပွဲအပြီး ထွက်ပေါက်ပါပဲ။ လမ်းတွေ့ပိတ်ဆို့ပြီး ဘတ်စ်ကားတွေလည်း ကျပ်နေခဲ့ပါတယ်” ဟု သူက ပြောသည်။

ပြည်နယ် ဆေးဘက်ဆိုင်ရာနှင့် မိသားစု သက်သာချောင်ချိရေး ဝန်ကြီး Ma Subramanian က အစိုးရသည် အခမ်းအနားအတွက် ဆေးအဖွဲ့များ၊ လုံခြုံရေး၊ ယာယီအိမ်သာများနှင့် သောက်သုံးရေပေးဝေမှုတို့ကို ဆောင်ရွက်ပေးခဲ့သည်ဟု ပြောဆိုသည်။

ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းခဲ့မှုကို လေတပ်အရာရှိများဘက်က လတ်တလောတွင် ဖြေကြားခြင်း မရှိခဲ့သေးပေ။

Ref: ယူအက်စ်နူးစ်

Surya Kiran Aerobatics Team of the Indian Air Force (IAF) follows an IL-76 aircraft as they perform an airshow during celebrations ahead of the Indian Air Force day at Marina beach in Chennai on October 6, 2024. (Photo by R.Satish BABU / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here