AFF Women Championship 2024 ပြိုင်ပွဲ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဆက်တိုက် လေ့ကျင့်ပြင်ဆင်

0
27

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ( AFF Women Championship 2024)ကို ဝင်ရောက် ယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်း ဆက်တိုက်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း ဖူဆယ်ကော်မတီထံမှ သိရသည်။

အာဆီယံ အမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို နိုဝင်ဘာ (၁၆)ရက်မှ (၂၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီအသင်းကို နိုဝင်ဘာ(၇)ရက်နေ့အထိ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းကို MFF Women’s Futsal Invitation Cup 2024 ပြိုင်ပွဲမှ ကစားသမား (၂၆) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နည်းပြချုပ် အဖြစ် ဦးဌေးမြင့်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အာဆီယံ အမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်မှုများကို ပြီးခဲ့သောစက်တင်ဘာ (၃၀) ရက် က စတင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ပုံစာ-ယနေ့ အောက်တိုဘာ (၇)ရက်တွင် လေ့ကျင့်ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here