ထိုင်းမြောက်ပိုင်းရေကြီး၍ သုံးဦး‌ေ-သဆုံး

0
17
Residents wade through a flooded street in Chiang Mai, on October 6, 2024. - Thailand's northern provinces have been hit by large floods since Typhoon Yagi struck the region in early September, with one district reporting its worst inundations in 80 years. (Photo by AFP)

ဘန်ကောက်၊အောက်တိုဘာ ၇

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့တွင် ရေကြီး၍ လူသုံးဦး‌ေ-သဆုံးကာ ဆင်နှစ်ကောင်သည်ရေစီးနှင့်မြောပါသွားကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရ အိပ်ယာထဲလဲနေသည့် သက်ကြီးရွယ်အိုများနှင့် ကလေ-းသူငယ်များအတွက် အစားအသောက်များကိုအရေးပေါ်လိုအပ်နေပြီး နေရာပြောင်းရွှေ့ပေးရန်လည်းလိုအပ်နေကြောင်းသိရသည်။

ရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်အထိ ‌ေ-သဆုံးသူ ၃ ဦးရှိလာကာ အမျိုးသားတစ်ဦးသည် ဓာတ်လိုက်‌ေ-သဆုံးခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာမူ ရွှံ့မြေ-ပြို၍ ‌ေ-သဆုံးခဲ့ခြင်း ဖြစ်သည်။

လူရှစ်ဆယ်ကျော် သည်ယာယီဘေးကင်းရေးစင်တာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်ဟုသိရသည်။ရေစီးနှင့်မြောပါသွားသည့် ဆင်နှစ်ကောင်မှာမူ ‌ေ-သဆုံးသွားကြပြီး ၎င်းတို့အနက်တစ်ကောင်သည် မျက်စိမမြင်သည့်ဆင်ဖြစ်သည်ဟုသိရသည်။

ထိုင်းနိုင်ငံသည် စက်တင်ဘာအစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် ယာဂီမုန်တိုင်းမှစ၍ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရပြီး နှစ် ၈၀ အတွင်းအဆိုးရွားဆုံးသောရေဘေးလည်းဖြစ်လာခဲ့သည်။

Source : အေအက်ဖ်ပီ/စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here