နှစ်နိုင်ငံ ဘောလုံးလောက တိုးတက်ရေး ဦး‌ဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ ရန်ကုန်မြို့တွင် တွေ့ဆုံ

0
16

နှစ်နိုင်ငံ ဘောလုံးလောက တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Jaswar Umar တို့ ယနေ့ အောက်တိုဘာ (၇)ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ကြကြောင်း သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

၎င်းတို့နှစ်ဦး တွေ့ဆုံမှုသည် မြန်မာ – သီရိလင်္ကာ နှစ်နိုင်ငံ ဘောလုံးလောက တိုးတက်ရေးအပါအဝင် အာရှဘောလုံးလောကတိုးတက်ရေး ဆောင်ရွက်သင့်သည်များကို အပြန်အလှန် မျှဝေခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုအတွင်း Jaswar Umar ၏ ဦးဆောင်မှုအောက်တွင် သီရိလင်္ကာ၏ ဘောလုံးတိုးတက်မှုများအတွက် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချီးကျူးဂုဏ်ပြုမှုကြောင်း ဖော်ပြထားသည်။

ထို့နောက် ဒီဇိုင်းရေးဆွဲထားသော “ဇော်ဇော်” စာတမ်းပါ အမျိုးသားဂျာစီကို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအတွက် MFF ဥက္ကဋ္ဌအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ – သီရိလင်္ကာ လက်ရွေးစင်အသင်းနှစ်သင်းသည် ယခုလ အောက်တိုဘာ (၁၀)ရက်နှင့် (၁၃)ရက်တို့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်းနှစ်ကျော့ခြေစမ်းပွဲကစားသွားကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here