ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ ကာချုပ် တက်ရောက်စိစစ်ရွေးချယ်

0
19

ရန်ကုန်တိုင်း၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ စစ်လက်ရုံးရွေးချယ်ပွဲကို ယနေ့ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်းကာ လတစ်လျှောက် စည်းကမ်းလိုက်နာမှု၊ ဘာသာ ရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးပမ်းအားထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ ကောင်စီဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒု-ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများမှလည်း စိစစ်ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here