အမျိုးသမီးနှစ်ဦးအပါအဝင် လူပုဂ္ဂိုလ်(၁၁)ဦးကို အမည်မည်းစာရင်းမှပယ်ဖျက်

0
7

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ၂ နှစ် အမည်မည်းစာရင်းထည့်သွင်းထားသည့် အမျိုးသမီးနှစ်ဦးအပါအဝင် လူပုဂ္ဂိုလ် (၁၁)ဦးကို အရေးယူမှုများပြုလုပ်ပြီးဖြစ်၍ အမည်မည်းစာရင်းမှပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။

ထိုပုဂ္ဂိုလ်များသည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲတွင်ရောင်းချခဲ့သော မြေ၊ အဆောက်အအုံနှင့် မြေကွက်များကို ဝယ်ယူခွင့်ရရှိခဲ့သော်လည်း တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းပေးသွင်းရန်ပျက်ကွက်ခဲ့၍ (၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၄- ၂၀၂၅ ခုနှစ်အထိ) ၂ နှစ်အမည်မည်းစာရင်းထည့်သွင်းသတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့မှာ နေပြည်တော်မှ ဦးဖြိုးထွန်းဇော်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဦးထိန်လင်း၊ ဦးမျိုးသန့်၊ ဦးခိုင်ဇော်မင်း၊ ဦးကောင်းမြတ်စိုး၊ မန္တလေးတိုင်းဒေသကြီးမှ ဦးဇော်ခန့်သာ၊ ဦးထွန်းနိုင်ဝင်း၊ ဒေါ်ဝင်းဝင်းခိုင်၊ ဒေါ်သီရိအေးသန်းဝင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ဦးချမ်းငြိမ်းစိုးနှင့် ရှမ်းပြည်နယ်မှ ဦးကောင်းမြတ်တို့ဖြစ်သည်။

ထိုသို့ အမည်မည်းစာရင်းထည့်သွင်းပြီးနောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ၎င်းတို့အား အရေးယူမှုများပြုလုပ်ပြီးဖြစ်၍ အမည်မည်းစာရင်းထည့်သွင်းထားခြင်းကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here