သတ်မှတ်ရက်မတိုင်ခင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးရန် အသိပေး

0
14

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သတ္တုတွင်း ဦးစီးဌာနမှ သတ်မှတ်ရက်မတိုင်ခင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးရန် နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထားသည်။

ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာသိုလှောင်ခွင့်လိုင်စင်များ သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ(၁၁၉)အရ သက်တမ်းကုန် ဆုံးမည့် နေ့ရက်မတိုင်မီ နှစ်လကြိုတင်၍ နောင်လာမည့်နှစ်အတွက်သက်တမ်းတိုးမြှင့် လျှောက်ထားကြရန် အသိပေးထားသည်။

ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးမြှင့်မှုကို နိုဝင်ဘာ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း လျှောက်ထားကြရန်နှင့် ပျက်ကွက်သည့် သို လှောင်ခွင့်လိုင်စင်များအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ပြီး (၁)ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေး၏ (၂)ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁)ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၀၃၇/၂၀၂၃ အရ သိုလှောင်ခွင့်လိုင်စင်ကို သက်တမ်းကုန်ဆုံးပြီးချိန်နောက်ပိုင်း သက်တမ်းတိုးတင်ပြရန် (၁)နှစ်ပျက်ကွက်ပါက အဆိုပါလိုင်စင်သည် အလိုအလျောက် ပျယ်ပျက်ပြီး စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတ်တမ်းတိုးရန် လျှောက်ထားသည့်အခါ “သက်တမ်းတိုးလျှောက်လွှာ၊ ဦးစီးဌာနမှ ထုတ်ပေးထားသည့် သိုလှောင်ခွင့်လိုင်စင်(မူရင်း)၊ ဦးစီးဌာနမှ နောက်ဆုံးကွင်းဆင်းစစ်ဆေးခဲ့သည့် ကွင်းဆင်းစစ်ဆေးချက် မှတ်တမ်း(မူရင်း)၊ စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ၏ လက်ရှိအခြေအနေအတိုင်း ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများ”ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here