ရိုးရာဖိုက်တာ ထွန်းမင်းအောင် ဘရာဇီးနိုင်ငံသားဖြင့် ယှဥ်ပြိုင်ထိုးသ-တ်မည်

0
24

လာမည့် နိုဝင်ဘာလအတွင်း ရိုးရာဖိုက်တာ ထွန်းမင်းအောင်အနေဖြင့် ONE ကပြုလုပ်မည့် ပွဲစဉ်အတွင်း ဘရာဇီးနိုင်ငံသားဖိုက်တာဖြင့် ယှဥ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်သည် ယခု ထိုးသ-တ်မည့် ပွဲစဉ်နှင့်ဆိုလျှင် ONE ကပြုလုပ်သည့် ပွဲစဉ်များအတွင်း (၃)ကြိမ်‌မြောက် ရှိပြီဖြစ်သည်။

“ရက် မသတ်မှတ်ရသေးဘူး။ ထိုးမယ့်သူကတော့ ဘရာဇီးနိုင်ငံသားပါ။ ထွန်းမင်းအောင် အခုတော့ လေ့ကျင့်ပြင်ဆင်နေပါတယ်။ သူက အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက်ပါ” ဟု အကိုတော်စပ်သူ အလွတ်တန်းချန်ပီယံ ရိုးရာဖိုက်တာ ထွန်းထွန်းမင်းက ပြောသည်။

ထွန်းမင်းအောင်သည် ONE ၏ ပွဲစဉ်အတွင်း တစ်ပွဲရှုံး၊ တစ်ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားပြီး နောက်ဆုံးထိုးသ-တ်ခဲ့သည့်ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူကို အလဲထိုးကာ ချက်ထရီက ချီးမြှင့်သည့် ဘတ်သုံးသိန်းခွဲကို ရရှိထားသူတစ်ဦးဖြစ်သည်။

ရိုးရာဖိုက်တာများအနက် အသက်အငယ်ဆုံးဖြစ်ကြသည့် ထွန်းမင်းအောင်နှင့် သန့်ဇင်တို့မှာ ONE ၏ စောင့်ကြည့်ခြင်းကို ခံ‌နေရသည့် ကစားသမားတွင် ပါဝင်နေသူများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here