အင်းစိန်မြို့နယ်တွင် လိုက်ထရပ်ယာဉ်မှ လမ်းမဘေး ရပ်ထားသော ယာဉ်အား ဝင်တိုက်မှုဖြစ်ပွားပြီး လိုက်ထရပ် ယာဉ်မောင်း ညပ်နေရာ ကယ်ထုတ်ခဲ့ရ

0
22

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဘုရင်နောင်လမ်းပေါ် ရွာမကားမှတ်တိုင်အနီး လိုက်ထရပ်ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းမဘေး ရပ်ထားသော ယာဉ်တစ်စီးအား ဝင်တိုက်မှုဖြစ်ပွားပြီး လိုက်ထရပ် ယာဉ်မောင်းညပ်နေရာ ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ထံမှ သိရသည်။

အောက်တိုဘာ (၈)ရက်၊ (၀၀)နာရီ (၄၃)မိနစ်အချိန်ခန့်က အဆိုပါ နေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“လိုက်ထရပ်ယာဉ် အရှိန်လွန်ပြီး လမ်းမဘေး ရပ်ထားတဲ့ ယာဉ်တစ်စီးကို တိုက်မှုဖြစ်ပွားလို့ ယာဉ်မောင်းက ကားခေါင်းခန်းထဲ ညပ်နေတာ ကယ်ထုတ်ပေးပြီး ဖြစ်ဖြစ်ချင်း အောက်စီဂျင် တပ်ပေးရတယ်။ လူနာတင်ယာဉ်ပေါ်မှာ ရှေးဦးပြုစုနည်းအတိုင်းပြုစုပေးပြီး ဆေးကုသဖို့ လိုအပ်လို့ အင်းစိန်ဆေးရုံကို အချိန်မီ ပို့ဆောင်ပေးခဲ့တယ်။”ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဆိုသည်။

ထိုသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်အတွင်း ညပ်နေသည့် ယာဉ်မောင်း အမျိုးသား (၁)ဦးကို (၀၀)နာရီ (၄၆)မိနစ်အချိန်တွင် ဆွဲထုတ်နိုင်ခဲ့ပြီး အောက်စီဂျင်စနစ်တကျ တပ်ဆင်ပေးကာ ရှေးဦးပြုစုနည်းအတိုင်း ရှေးဦးပြုစုပေး၍ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here