စားအုန်းဆီများကို Door to Door စနစ်ဖြင့် ရောင်းချမှု တိုးမြှင့်တင်ပို့သွားမည်

0
45

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများသို့ စားအုန်းဆီများကို Door to Door စနစ်ဖြင့်ရောင်းချမှု တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။

စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများ Call Centre များမှ မှာယူပါက အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်သုံးပိဿာနှုန်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Door to Door စနစ်ဖြင့် စားသုံးဆီများကို သြဂုတ်လမှစတင်ကာ ဆောင်ရွက်ခဲ့ပြီး ယခုအောက်တိုဘာလအထိ (၃) လရှိပြီဖြစ်ကြောင်း သိရသည်။

သြဂုတ်လသည် စမ်းသပ်ဆောင်ရွက်ရသည့် ကာလဖြစ်သည့်အတွက် အိမ်ထောင်စု (၁၈၀၀၀) ခန့်သာ Call Centre တွင် အမှာ လက်ခံရရှိခဲ့ပြီး စက်တင်ဘာလတွင် အိမ်ထောင်စု (၁၅၀၀၀၀)ခန့်အထိ အမှာစာရရှိခဲ့ကြောင်း သိရသည်။

ယခုအောက်တိုဘာလတွင် အိမ်ထောင်စု တစ်သိန်းငါးသောင်းမှ တစ်သိန်းရှစ်သောင်းအထိ
ဆီများကို တိုးချဲ့ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

လုပ်ငန်းစတင်ချိန်တွင် Call Centre တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဝယ်လိုအားများနေသည့်အတွက် Call Center ဖုန်းလိုင်းခွဲ(၇)လိုင်းမှ (၁၀)လိုင်းအထိ တိုးပြီး အမှာစာများကို လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here