Saturday, December 21, 2024

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန်...

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို...

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ...

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး...

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ...
HomeNewsLocal Newsမန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏...

မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ နာရေးအား မန္တလေးပြည်သူ အများအပြား လိုက်ပါပို့ဆောင်

NLD ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ နာရေးအခမ်းအနားကို မန္တလေးမြို့ခံပြည်သူများစွာ လိုက်ပါပို့‌ဆောင်နေသည်ကို Facebook လူမှုကွန်ရက်မှတစ်ဆင့်မျှဝေသည့် ရုပ်သံများအရ တွေ့ရသည်။

ယနေ့ အောက်တိုဘာ (၈) ရက် နံနက်(၁၀) နာရီတွင် ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလေ-ာင်းအား ကျွဲဆည်ကန်နေအိမ်မှ တောင်အင်းမြောက်အင်းသုဿာန်သို့ ပို့ဆောင်နေခြင်းဖြစ်ပြီး မန္တလေး မြို့ခံပြည်သူအများအပြားက ဆိုင်ကယ်များ၊ ကားများဖြင့် စီတန်းကာ လိုက်ပါပို့ဆောင်နေသည်ကို တွေ့ရသည်။

ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစား‌နေရသူဖြစ်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ ကုသနေစဉ် အောက်တိုဘာလ (၇) ရက် နံနက် (၃) နာရီဝန်းကျင်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ခုနှစ်မှ တစ်ဆက်တည်း ထောင်ဒဏ် နှစ် (၂၀) ကျော်ချခံခဲ့ရဖူးသူ ဒေါက်တာဇော်မြင့်မောင်သည် ထောင်မှပြန်လွတ်ပြီး ပြင်ပတွင် (၁၀) နှစ်ကျော်နေထိုင်အပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်တွင် ပြန်လည်ဖမ်းဆီးခံရကာ ထောင်ဒဏ် (၂၉) နှစ်ထပ်မံကျခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ၎င်း၏ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်၏ နာရေးအခမ်းအနားသို့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့လည်း လာရောက်ဂါရဝပြုခဲ့သည်ကို တွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန် ဆီအသင်း ဥက္ကဋ္ဌတိုက်တွန်း

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ ဈေးတင်မရောင်းချရန်နှင့် လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ (၃၅) ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ (၂၁၀၀)...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ “မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ‌ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်”...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို လာရောက်လည်ပတ်သူ များပြားလာ

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ လာရောက် လည်ပတ် ဓာတ်ပုံရိုက်ကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းပန်းခင်းသည် လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားဆဲသာဖြစ်သောကြောင့် ဝင်ကြေးသတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။ အဆိုပါ လာဗန်ဒါ ပန်းခင်းကို တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ ဉာဏ်ပင်ရွာအနောက်ဘက်လမ်းမှ ဆယ်မိနစ်ခန့် မောင်းရမည်ဖြစ်ကာ ဘုရားဖြူရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ကလောဘက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071