ကရာချိလေဆိပ်အနီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်၍တရုတ်နှစ်ဦး ‌ေ-သဆုံး

0
47
Security officials examine at the site of an explosion which occured near Karachi airport in Karachi, on late October 6, 2024. - A massive blast rocked a road near the airport of Pakistan's largest city as a separatist militant group claimed on Monday an attack in the area. (Photo by Asif HASSAN / AFP)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့ ရှိနိုင်ငံတကာလေဆိပ်အနီးတွင် တနင်္ဂနွေနေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်၍ တရုတ်နိုင်ငံသားနှစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုကို ကားဗုံးတစ်လုံးအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အင်ဂျင်နီယာများပါဝင်သော တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း ခွဲထွက်ရေး စစ်သွေးကြွအုပ်စုဖြစ်သည့် ဘာလော့ချ်လွတ်မြောက်ရေးတပ်မတော်(BLA) က အီးမေးလ်ထုတ်ပြန်ချက်တွင် သတင်းသမားများကို ပြောဆိုခဲ့သည်။

ကာဆင်ဆိပ်ကမ်း လျှပ်စစ်စွမ်းအင်ကုမ္ပဏီ၏ ယာဉ်တန်းသည် လေဆိပ်အနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု တရုတ်သံရုံးက ပြောဆိုသည်။

‘တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတို့က ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချပါတယ်၊ နှစ်နိုင်ငံစလုံးရဲ့ အပြစ်မဲ့ ‌ေ-သကြေခဲ့ရသူတွေအတွက် အလွန်ဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရခဲ့သူတွေ၊ မိသားစုဝင်တွေအတွက် အမှန်တကယ် စာနာမိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ဖြစ်စဉ်ပေါ်ပေါက်အပြီးတွင် တရုတ်နိုင်ငံသည် ပါကစ္စတန်အာဏာပိုင်များနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြောင်း ဆက်လက် ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသားတစ်ဦးသည်လည်း ဒဏ်ရာရခဲ့သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ဇ် ရှရစ်ဖ်က ပြောဆိုခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေသည်ဟု ဆိုခဲ့သည်။

Ref: စီအင်န်အေ

A firefighter works on the site of an explosion which occured near Karachi airport in Karachi, on late October 6, 2024. – A massive blast rocked a road near the airport of Pakistan’s largest city as a separatist militant group claimed on Monday an attack in the area. (Photo by Asif HASSAN / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here