ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်ရှိ ဆိုလာပြားမီးလောင်

0
22

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်ရှိ ဆိုလာပြားမီးလောင်ကျွမ်းခဲ့မှု ယနေ့ အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက် ၊ ဒေါ်သိန်းတင်လမ်းနှင့်သိမ်ဖြူလမ်းထောင့်ရှိ ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားမီးလောင်ကျွမ်းမှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

” ကက်သလစ်သီလရှင်လေးတွေရဲ့ ဘိုးဘွားရိပ်သာမှာ မီးလောင်နေတယ်သတင်းရတာနဲ့ချက်ခြင်းသွားရောက်မီးငြှိမ်းသတ်ပေးခဲ့ပါတယ်။ အမိုးပေါ်မှာတင်ထားတဲ့ ဆိုလာပြားတစ်ချပ်မီးလောင်တာပါ။ အမိုးအောက်ခြေကိုလည်း မီးနည်းနည်းလောင်သွားတယ်။ ပျက်စီးမှုကတော့သိပ်မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၏ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီ ၃၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here