အစ္စရေးတွင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှု နှစ်ပတ်လည်အထိမ်းအမှတ်ပြုလုပ်

0
40
People gather to mark the first anniversary of the October 7, 2023 attacks, in the Israeli coastal city of Tel Aviv on October 7, 2024. - Israel marked the first anniversary of the deadliest attack in its history, with Prime Minister Benjamin Netanyahu saying the Gaza and Lebanon wars would ensure the violence it endured last October 7 could never be repeated. (Photo by GIL COHEN-MAGEN / AFP)

ကမ္ဘာတစ်ဝန်း ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့ကာ အရှေ့အလယ်ပိုင်းတခွင်သို့ ပဋိပက္ခ ပျံ့နှံ့သွားနိုင်သည့် အခြေအနေဖြစ်ပေါ်လာသော စစ်ပွဲကို အစပြုခဲ့ရာ ဟားမတ်စ်တို့တိုက်ခိုက်မှု၏ ပထမဆုံးနှစ်ပတ်လည် အထိမ်းအမှတ်ကို တနင်္လာနေ့(အောက်တိုဘာ ၇) တွင် အစ္စရေးနိုင်ငံသားများ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ဟားမတ်စ်တို့က ဒုံးကျည်များပစ်လွှတ်ခြင်းဖြင့် အစပြုခဲ့သည့် နံနက် ၆း၂၉ နာရီ၌ အောက်မေ့ဖွယ် အခမ်းအနားများနှင့် ဆန္ဒပြမှုများကို ဂျေရူဆလင်နှင့် အစ္စရေးနိုင်ငံတောင်ပိုင်းတို့တွင် စတင်ပြုလုပ်ခဲ့ကြသည်။

အစ္စရေးအစိုးရ၏ စာရင်းဇယားများအရ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ ‌ေ-သဆုံးခဲ့ကာ ၂၅၀ ခန့်သည် ဂါဇာဒေသသို့ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသည်။

ဂျေရုဆလင်ရှိ ဝန်ကြီးချုပ် နေတန်ယာဟု၏ နေအိမ်အပြင်ဘက်တွင် ချစ်ခင်ရသူများ၏ ဓါတ်ပုံများကို ကိုင်ဆောင်ထားသော ဓ-ါးစာခံများ၏ မိသားစုဝင်များဦးဆောင်သည့် လူ ၃၀၀ ဝန်းကျင်သည် ‌ေ-သဆုံးရသူများအတွက် တစ်မိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့ကြသည်။

“အကြမ်းဖက်မှု၊ အကြောက်တရား၊ ဒေါသနဲ့ စိတ်ပျက်အားငယ်ရမှုတွေ အတောမသတ်တဲ့ နေ့တစ်နေ့ ၂၀၂၃ အောက်တိုဘာ ၇ ရက်ဖြစ်စဉ်ထဲကနေ ကျွန်တော်တို့ ရုန်းမထွက်နိုင်သေးပါဘူး” ဟု Yuval Baron က ပြောသည်။ သူ၏ ယောက္ခမဖြစ်သူ Keith Siegel သည် ဂါဇာတွင် ဓ-ါးစာခံအဖြစ် ဖမ်းဆီးခံထားရသည်။

“ဝမ်းနည်းကြေကွဲဖွယ် နေ့တစ်နေ့ဖြစ်တယ်ဆိုပေမယ့် ဓ-ါးစာခံတွေကို ပြန်ခေါ်ဆောင်ဖို့ရာ မြင့်မြတ်တဲ့ မစ်ရှင်ရှိနေသေးတယ်ဆိုတာကို အစ္စရေး ပြည်သူတွေ၊ ငါတို့ရဲ့ ဝန်ကြီးချုပ်နဲ့ ငါတို့ကိုယ်ငါတို့ ပြန်သတိပေးဖို့ ဒီနေ့ကို အတူတကွ စတင်ချင်ပါတယ်” ဟုလည်း သူက ဆိုခဲ့သည်။

လူပေါင်း ၃၆၀ ကျော်‌ေ-သဆုံးကာ ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသော ဂီတပွဲပြုလုပ်ခဲ့ရာ Reim တွင် အောက်မေ့ဖွယ်အခမ်းအနားကို သမ္မတ Isaac Herzog က ကမကထပြု ဆောင်ရွက်ခဲ့သည်။

“သတ်ဖြတ်ခံခဲ့ရသူတွေ၊ အဓမ္မပြုကျင့်ခံခဲ့ရသူတွေ၊ ဓါးစာခံဖမ်းဆီးခံခဲ့ရသူတွေအားလုံးကို ကျွန်တော်တို့ အမြဲ သတိရနေမှာပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ထူးကဲတဲ့ ကြံ့ခိုင်မှုကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ကျွန်တော်တို့မှာ အံ့သြစရာကောင်းတဲ့ ပြည်သူတွေရှိတယ်၊ ဒီနေ့မှာ အဲဒါကို အားကောင်းအောင်လုပ်ပြီး စုစည်းညီညွတ်ကြဖို့ တောင်းဆိုပါတယ်” ဟု Herzog က ပြောခဲ့သည်။

နယ်စပ်အနီး အခြေချအိမ်ရာနယ်မြေဖြစ်သော Kibbutz ကျေးရွာများနှင့် မြို့များတွင်လည်း အောက်မေ့ဖွယ်အခမ်းအနားများကို တစ်နေ့တာလုံး ကျင်းပခဲ့ကြကြောင်း သိရသည်။

Ref: သည်ကိုရီးယားတိုင်းမ်

People attend a memorial ceremony to mark the first anniversary of the October 7, 2023 attacks, in the Israeli coastal city of Tel Aviv on October 7, 2024. – Israel marked the first anniversary of the deadliest attack in its history, with Prime Minister Benjamin Netanyahu saying the Gaza and Lebanon wars would ensure the violence it endured last October 7 could never be repeated. (Photo by Jim Urquhart / POOL / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here