ပြည်မြို့နယ်ရှိ ရေသင့်အိမ်ထောင်စု(၆၈၀)အ တွက် ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များထောက်ပံ့ပေး

0
25

ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ ရေဘေးသင့်အိမ် ထောင်စု(၆၈၀)အတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၇ ရက်မွန်းလွဲပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေဘေးသင့်ခဲ့သည့်ပြည်မြို့နယ်မှ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၃)စုရှိ အိမ်ထောင်စု(၆၈၀)၊ လူဦးရေ(၂၇၁၉)ဦးအတွက် ဆန်အိတ်ပေါင်း(၂၄၈)အိတ်ကို အကူအညီအထောက်အပံ့အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောကြားခဲ့သည်။

ထို့နောက် ပြည်မြို့မှ ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ် ကွက်(၂)ခုမှ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ အုပ်စုများမှ အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို ပဲခူးတိုင်းအစိုးရအဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here