အင်းလေးဒေသရှိ ရေနစ်မြုပ်ခဲ့သည့် ထရန်စဖော်မာများကိုကွင်းဆင်းစစ်ဆေး

0
18

ရှမ်းပြည်နယ်၊ အင်းလေးဒေသ၌ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင်ရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများလည်း ရေနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရေနစ်မြုပ်ခဲ့သည့် ထရန်စဖော်မာများအား ပြန်လည်ပြင်ဆင်ပြုပြင်မှုများပြုလုပ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများနှင့်လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အင်းလေးဒေသရေနစ်မြုပ်ခဲ့စဥ် အဆက်အ သွယ်ပြတ်တောက်မှုများဖြစ်ပေါ်နေချိန်၌ သက် ဆိုင်ရာ ကျေးရွာမီးကော်မတီအသီးသီးမှ ထရန် စဖော်မာများ၊ မီတာများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဖြုတ်သိမ်းထားပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here