သီတင်းကျွတ်ကာလ လည်ပတ်မည့်သူများသဖြင့် ပုဂံရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ကြိုတင်ဘိုကင် ပြည့်သည်အထိဖြစ်နေ

0
19

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သီတင်းကျွတ်ပွဲတော်ကာလ လာရောက်လည်ပတ်မည့်သူများသဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကြိုတင်ဘိုကင် ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ သိရသည်။

သီတင်းကျွတ်ပိတ်ရက်ရှည်ကာလတွင် ပြည်တွင်းခရီးသွားများသည် ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင် သို့ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။

ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအလုံးပေါင်း (၁၆၀)ခန့်ရှိပြီး အားလုံး၏ ရာခိုင်နှုန်း (၅၀) ဖြစ်သည့်အလုံးရေ (၈၀) ကို ခရီးသွားရာသီအမီ ဖွင့်လှစ်ထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ရာတွင် ပုဂံဒေသရှိ သမိုင်းဝင်အထင်ကရဘုရားများကို ဖူးမြှော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီ ဆွဲကြခြင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူး ငါးသောင်းကျော်မှ တစ်သိန်းခွဲကျော်အထိ လာရောက်လေ့ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here