MNA လေကြောင်းလိုင်းမှ ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဉ်များ တိုးချဲ့ပျံသန်းမည်

0
43

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်များကို အောက်တိုဘာ (၁၃)ရက်မှ စတင်၍ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ်-ညောင်ဦး- မန္တလေး ခရီးစဉ်ကို အောက်တိုဘာ(၁၃)ရက်တွင် ရန်ကုန်မှ နံနက် (၆)နာရီခွဲ ထွက်ခွာပြီး ပုသိမ်သို့ နံနက် (ရး)နာရီ (၁၀)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ နံနက် (၇)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ (၉) နာရီ (၁၀) မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ နံနက် (၉) နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ နံနက် (၁၀)နာရီတွင်လည်းကောင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

အောက်တိုဘာ (၁၄) ရက်တွင် မန္တ‌လေး-‌ညောင်ဦး-ပုသိမ် – ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ နေ့လည် (၃) နာရီတွင် ထွက်ခွာပြီး ညောင်ဦးသို့ ညနေ (၃)နာရီ (၃၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ (၃)နာရီ (၅၀)မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၅)နာရီ (၃၅)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ (၅)နာရီ (၅၀)မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၆)နာရီ (၃၀)မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်လက်မှတ်ခ နှုန်းထားများအနေဖြင့် ရန်ကုန်မှ ပုသိမ်သို့ ကျပ် (၂၅၀၀၀၀)၊ ပုသိမ်မှ ညောင်ဦးသို့ ကျပ် (၂၈၀၀၀၀)၊ မန္တလေးမှ ညောင်ဦးသို့ ကျပ် (၂၀၀၀၀၀)၊ ရန်ကုန်မှ ညောင်ဦးသို့ ကျပ် (၂၉၀၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here